အပိုင်း ( 1 )

7K 253 7
                                    

အလင်းရောင်မှိန်ပြပြလေးသာရှိတဲ့ အခန်းလေးတစ်ခုထဲတွင်  'တီး တီး တီး ´ ဆိုတဲ့နာရီနိုးစက်သံကဆူညံလာလေသည်။
ရီပေါလည်း အိပ်စက်နေရာမှ နိုးထလာပြီး နာရီနိုးစက်ပိတ်လိုက်ကာ ကုတင်နံဘေးမှာရှိတဲ့ အချိန်ဇယားစာအုပ်ကိုယူကြည့်လိုက်တော့

" ငါ ဒီနေ့ ကျောင်းသွားရမှာဘဲ့ "

တစ်ယောက်ထဲပြောပြီး ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းတွင်းသို့ဝင်သွားတော့သည်။ ကိုယ်လက်သန့်စင်ပြီးတာနဲ့ နက်မှောင်နေတဲ့အဝတ်အစားတွေဝတ်ကာ အနည်းငယ်ပြင်ဆင်ပြီးတာနဲ့ အောက်ထပ်ကိုဆင်းလာတော့ လှေကားဝမှာရပ်နေတဲ့ သူ့အတွင်းရေးမှူးနဲ့အိမ်တော်ထိန်းကိုတွေ့လိုက်ရလေသည်။

" မင်္ဂလာမနက်ခင်းပါ သခင်လေး "

ထိုနှစ်ယောက်ရဲ့ နှုတ်ဆက်ခြင်းကို ခေါင်းငြိမ့်ပြလိုက်ပြီး အိမ်က စားဖိုမှုးပြင်ပေးထားတဲ့ မနက်စာကိုတိတ်တဆိတ်စားလိုက်ပြီးတော့မှ ကော်ဖီသောက်ရင်း အနောက်မှာရပ်နေတဲ့ သူ့အတွင်းရေးမှူးအား

" ဘာပြောစရာရှိလဲ "

စကားစလိုက်တာနဲ့ အတွင်းရေးမှူးက သူ့လက်ထဲရှိဖိုင်တွဲကို ဖွင့်ထုတ်လိုက်ပြီး ရီပေါလက်ထဲကိုထည့်ပေးလိုက်ပြီးမှ

" ဒီနေ့ ညနေလေးနာရီမှာ အပတ်စဉ်ရှယ်ယာဝင်အစည်းအဝေးပွဲရှိပါတယ် ဆရာ၊ ဒီမတိုင်ခင်မှာ နိုင်ငံခြားကလာတဲ့ စီးပွားရေးသမားတစ်ယောက်က ဆရာကို နေ့လည်စာစားရင် ကုမ္ပဏီအကြောင်းပြောချင်တယ် ဆိုပြီး အကြောင်းကြားထားပါတယ်၊ ညကြရင် သွေးနက်ကျောက်ဂိုဏ်သားတွေက ဆရာနဲ့အတူညစာစားရင် တင်ပြဆွေးနွေးစရာတွေရှိလို့ ညစာစားဖို့ဖိတ်ထားပါတယ် "

( သွေးနက်ကျောက် ဂိုဏ်းကရီပေါတည်ထောင်ထားတဲ့ ဂိုဏ်းတစ်ခုပါ )

ရီပေါက လက်ထဲက အစီရင်ခံစာကိုဖတ်ရင်း အတွင်းရေးမှူးပြောတာနားထောင်လိုက်ပြီးမှ

" ငါနေ့လည်ကြရင် ငါ့အခန်းထဲကကျောင်းသားတွေနဲ့အတူ ရှေးဟောင်းလမ်းက ရှေးဟောင်းပစ္စည်းတွေကိုလက်တွေ့ပြသသင်ကြားပြီးတာနဲ့ ကျောင်းသားတွေနဲ့အတူ နေ့လည်စာစားမှာ ဒီတော့ အဲ့ဒီစီးပွားရေးသမားကို မင်းကငါ့ကိုယ်စားသွားတွေ့ပြီး အရေးမကြီးတဲ့သဘောတူချက်တွေကမ်းလှမ်းလာရင် ငြင်းလိုက်၊ ရှယ်ယာရှင် အစည်းအဝေးကိုတော့ ငါလာခဲ့မယ်၊ ညစာစားပွဲကိုလည်းလာခဲ့မယ် မင်းသွားတော့ ငါလည်းကျောင်းသွားတော့မယ် "

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင် Where stories live. Discover now