အပိုင်း(12)

1.3K 136 5
                                    


Uni

နောက်တစ်နေ့မနက်

နေချင်ဖွယ်ကောင်းသော ထိုအဆောက်အဦးလေးကို သူတို့လည်းမခွဲချင်ခွဲချင်နဲ့ ခွဲကာခရီးဆက်ထွက်လာလိုက်လေသည်။တောင်ထိပ်က ကြည့်လိုက်ရင် နီးသလောက် သွားရတာဝေးလွန်းလှသည်။သူတို့တောအုပ်အပြင်ဘက်ကိုရောက်တော့ နေ့လည်ရောက်နေပြီမို့ ခဏနားကာ နေ့လည်စာစားပြီးတာနဲ့တောင်ထိပ်ကိုရောက်ရန်အတွက် တောင်စတက်ရပြန်သည်။တစ်နေရာရောက်တော့

" ရူးးး ရပ်လိုက်ကြဦး မင်းတို့အခုဘာသံကြားရလဲ "

မင်းချောင်က ပြောလိုက်တော့ အားလုံးက ရပ်လိုက်ပြီးနားစွင့်လိုက်ကြလေသည်။ရှင်းချန်က မြေကြီးကိုနားကပ်လိုက်ပြီး နားထောင်လိုက်ကာ

" အသံကမြေအောက်ကလာတာ မဟုတ်ဘူး "

အားလုံးက ဘေးပတ်ဝန်းကျင်ကို လေ့လာနေတုန်း ဖုန်းလင်းက သစ်ပင်တစ်ခုမှာချိတ်နေတဲ့ မြေအိုးကြီးတစ်လုံးကိုတွေ့လိုက်တော့ ဓားဖြင့် အသာလေးထိုးကြည့်ဖို့ လုပ်နေတာကိုယွီပင်က မြင်လိုက်တော့

" သွားမထိနဲ့ "

ယွီပင်ရဲ့သတိပေးမှုအဆုံး ဖုန်းလင်းရဲ့ဓားက အိုးကိုထိမိသွားပြီး လှုပ်ရမ်းသွားလေသည်။ဟောင်းနွမ်းနေတဲ့ ကြိုးစက လှုပ်ခတ်နေတဲ့အိုးကြောင့် ပြတ်ထွက်သွားပြီး မြေပေါ်သို့ကျကွဲသွားတော့သည်။မြေအိုးကျကွဲသွားတာနဲ့အထဲမှ အနီရောင်အုပ်ကြီးက ပျံထွက်လာလေသည်။ထိုအခါမှ သတိဝင်လာတဲ့ ရှောင်းကျန့်က

" အသားစားပျားနီတွေ ပြေး"

လို့အော်တော့မှ ကျန်တဲ့သူတွေကလည်းပြေးကြတော့သည်။လမ်းမှာတွေ့တဲ့ဆူးငြှောင့်ခလုတ်တွေကိုရှောင်လိုက်၊မရှောင်လိုက်နဲ့ပြေးလာလိုက်ကြတာ ချောက်ကမ်းပါအစွန်းတစ်ခုကိုရောက်လာလေသည်။အားလုံးက ဆက်ပြေးလို့မရတော့တာမို့ အားလုံးတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အောက်သို့ခုန်ချရန် သဘောတူလိုက်ကြလေသည်။ရီပေါက အရင်စခုန်ချလိုက်လေသည်။ရှောင်းကျန့်က ရီပေါရဲ့မပြောမဆိုလုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး သူပါလိုက်ခုန်ချလိုက်လေသည်။ထိုအခါ ကျန်တဲ့သူတွေကလည်း ဖြစ်ချင်ရာဖြစ်ဆိုတဲ့သဘောဖြင့် မျက်လုံးစုံမှိတ်ပြီးခုန်ချလိုက်လေသည်။နာကျင်မှုကိုစောင့်စားနေကြစဉ် နာကျင်မှုကရောက်မလာဘဲ လေထဲမှာတွဲလဲချိတ်နေသဖြင့်မျက်လုံးဖွင့်ကြည့်လိုက်တော့

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင် Where stories live. Discover now