Uni
" ဗျာ စုန်အင်ပါယာက သံတမန်လာမယ်လို့ ပြောလိုက်ရတာလား ခမည်းတော် "
အိမ်ရှေ့စံ ရှီ့လွေ့ကမေးလိုက်တော့ ကျန်တဲ့မင်းသားတွေကလည်း ပုလ္လင်ပေါ်မှာထိုင်နေတဲ့ ရိုဟန်ကို အကြည့်တို့ဖြင့်မေးနေကြလေသည်။ရိုဟန်က သူတို့အမေးကိုပြန်မဖြေတော့ ဦးရီးတော်မင်းရို့ဆီအကြည့်ရောက်ကုန်ကြတာမို့ မင်းရို့က
" ဟုတ်တယ် ဒီနေ့နေ့လည်လောက်ဆို ရောက်မယ်လို့ကြားတယ် သူတို့လွှတ်လိုက်တဲ့ သတင်းပို့တပ်သားကပြောလိုက်တာ "
" ဒါဆို သူတို့က ဘာရည်ရွယ်ချက်နဲ့လာလဲဆိုတာ ဦးရီးတော်သိလား "
မင်းချောင်ကမေးတော့ မင်းရို့က ခေါင်းငြိမ့်ကာ
" အင်ပါယာနှစ်ခုရဲ့ရေရှည်ငြိမ်းချမ်းရေးအတွက်တဲ့ "
" ဒီလိုဆို ကျတော်တို့ ကြိုဆိုဖို့လုပ်သင့်တာပေါ့ "
ဟောက်ရွမ်းက ပြောတော့ မင်းရို့လည်း
" ကြိုဆိုဖို့က အမြန်ပြင်ဆင်ပြီးပါပြီး သူတို့လာရင် နှုတ်ဆက်ဖို့အတွက် လူစုံနေဖို့ဘဲ့လိုတာ "
" သြော် "
ဟောက်ရွမ်းက သူလိုချင်တဲ့အဖြေကိုရပြီမို့ ငြိမ်သွားလေသည်။ထိုချိန် ရိုဟန်က ညီလာခံကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
" သားတော်ကိုးရော မရောက်သေးဘူးလား "
လို့မေးတော့ မင်းရို့လည်း တစ်ချက်ရှာလိုက်ပြီးမှ
" ကြည့်ရတာ နတ်နန်းဆောင်က မထွက်လာသေးဘူးထင်တယ် အစ်ကိုတော်မင်းကြီး "
" အင်း ဒီကလေးလည်း ကြာရင် နတ်နန်းဆောင်က လူဖြစ်တော့မယ် "
ခေါင်းခါကာပြောနေတဲ့ မင်းကြီးကြောင့် ညီလာခံထဲက အမတ်တွေလည်း အချင်းချင်းအတင်းပြောနေတော့သည်။အဓိကကတော့ မင်းသားကိုးရဲ့ မကောင်းကြောင်းတွေဖြစ်သည်။ဒါကိုကြားတော့ ရှီ့လွေ့ကဟန့်တားတဲ့အကြည့်နဲ့ကြည့်နေချိန် မင်းသားသုံးတို့က ဝမ်းမြောက်နေလေသည်။အဘယ်ကြောင့်ဆိုတော့ သူတို့ပုလ္လင်ကိုရဖို့အတွက်ဆိုရင် အမတ်တွေရဲ့အမြင်ကောင်းမှုကိုရဖို့လိုသေးတာကို။အမတ်တွေအတင်းပြောနေကြချိန် ညီလာခံတံခါးပွင့်လာကာ အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားတဲ့ မင်းသားကိုးက ရောက်လာပြီ မင်းကြီးတို့ကို ဂါဝရပြုကာ
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်