အပိုင်း(11)

1.4K 143 0
                                    


Uni

ရေချိုးခန်းထဲရောက်တော့ ရီပေါက တံခါးကိုတစ်ခါတည်းလော့ချလိုက်တော့သည်။မတော် သူ့နတ်နန်းသခင်လေးရဲ့ချစ်စရာကိုယ်လေးကို အပြင်ကလူတွေမြင်သွားရင် သူရင်ကျိုးနေရပါဦးမယ်၊နတ်နန်းသခင်က ရီပေါဆိုတဲ့သူ့အပိုင် ဒါကို အခြားသူကလာလုရင် လုတဲ့လူကိုသတ်ပစ်မယ် ။

ရှောင်းကျန့် ကျယ်ဝန်းပြီး ထူးဆန်းလှတဲ့အခန်းကြီးကိုစူးစမ်းရင်း ရီပေါကိုမေးရန် အလှည့် တစ်ယောက်ထဲ ခေါင်းငြိမ့်၊ခေါင်းခါလုပ်နေတဲ့ ရီပေါကိုတွေ့လိုက်ရလေသည်။ဒါကြောင့် အနားသွားကာ

" ရီလေး ဘာဖြစ်နေတာလဲ အဆင်ပြေရဲ့လား "

ထိုအခါမှ တဟမ်း ဟမ်းလုပ်ပြီး သူ့ကိုငေးကြည့်လာတဲ့ကောင်ငယ်လေးကြောင့် ရှောင်းကျန့်က သဘောကျစွာရယ်လိုက်ပြီး ရီပေါရဲ့ခေါင်းကိုပုတ်ကာ

" ရီလေး ဘာတွေတွေးပြီး ဒီလောက် ခေါင်းငြိမ့်ခေါင်းခါလုပ်နေရတာလဲ "

ရှောင်းကျန့်အား ဘယ်လိုအပိုင်သိမ်းရင်ကောင်းမလဲဟု ကြံနေသော ရီပေါ ( ° _ ° )

" ဟို ဟို ကျတော် ဘာမှမတွေးပါဘူး ဒါနဲ့ကျန့်ကော ရေမချိုးဘူးလား "

ရှောင်းကျန့်က အခန်းကိုတစ်ပတ်လှည့်ကြည့်လိုက်ပြီး

" ရေမှမရှိတာ ရီလေးကလည်း "

ထိုအခါမှ ရီပေါက ရေစိမ်တဲ့ကြွေကန်ထဲကို ပိုက်လမ်းမှတစ်ဆင့် ရေဖြည့်လိုက်ပြီး ရေနွေးနွေးလေးဖြစ်အောင်စပ်လိုက်လေသည်။ပြီးတော့ ရေချိုးခန်းထဲမှာ ရှာကြည့်လိုက်တော့ ကြာပန်းရနံ့ပါတဲ့ ရေမွှေးပုလင်းလေးကိုတွေ့လိုက်ရလေသည်။ဒိတ်ကိုစစ်ကြည့်လိုက်တော့ ပုလင်းပေါ်မှာရှာမတွေ့ပေ။ဒါကြောင့် ရေကန်ထဲနည်းနည်းလေးဘဲ့ထည့်လိုက်လေသည်။အားလုံးပြီးတော့မှ သူ့ကိုလှုပ်ရှားသမျှကို မျက်တောင်မခတ်တမ်းကြည့်နေတဲ့ နတ်နန်းသခင်လေးဘက်ကိုလှည့်ကာ

" ကျန့်ကော ရေလာချိုးတော့လေ "

ထိုအခါမှ ရှောင်းကျန့်က အဝတ်ကို စချွတ်လေသည်။ခန္ဓာကိုယ်အပေါ်ကအတွင်းဝတ်အဖြူရောင်အထိချွတ်လိုက်ပြီး ဘောင်းဘီခြေရှည်ဖြင့် ရေချိုးကန်းထဲဆင်းသွားလေသည်။ ရှောင်းကျန့်ကို ကန်ဘောင်ပေါ်မှာ တစောင်းထိုင်ပြီး ကြည့်နေတဲ့ ရီပေါရဲ့စိတ်ထဲမှာတော့

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင် Where stories live. Discover now