Uni" ဒီထဲမှာရေးထားတာက နည်းနည်းလေးရှုပ်တယ် ကျတော်အချိန်ခဏယူပါရစေ "
ရီပေါက စာအုပ်ကိုကြည့်ရင်းပြောလိုတော့ ရှောင်းကျန့်က
" ဘယ်လောက်ကြာမှာလဲ ရီလေး "
" ခဏလေးပါဘဲ့ "
" အင်း ပြီးရော "
ဒီလိုနဲ့စကားဝိုင်းဟာ အဆက်ပြတ်သွားပြီး အားလုံးက တိတ်တိတ်ဆိတ်ဆိတ် နေချင်ဖြင့်ရီပေါလေ့လာမှုကိုအနှောင့်အယှက်မပြုပေ။ထိုချိန် ရီပေါကတော့ သူ့လက်ထဲရှိစာအုပ်ထဲက အင်္ဂလိပ်ဘာသာဖြင့်ရေးထားသော စာအုပ်ကိုဖတ်ရှုနေလေသည်။ထိုစာအုပ်ထဲက အကြောင်းအရာက လူတစ်ယောက်ရဲ့ ဒိုင်ယာရီ ဒါမှမဟုတ် အချိန်ကူးပြောင်းလာသူတစ်ဦးရဲ့ ဘဝအတွေ့အကြုံဆိုလည်းမမှားပေ။
1.8.2026
ဘဝရဲ့ ပထမဆုံး ဒိုင်ယာရီ။
ကျတော်နာမည်က လန်ကျန့်။ကျတော့် အသက်က 25နှစ်။ ကျတော်က ဗိသုကာအင်ဂျင်နီယာတစ်ယောက်။ပါးနဲ့မားက ကျတော် အထက်တန်းကတည်းက သုံးမကုန်တဲ့အမွေပစ္စည်းတွေနဲ့ထားခဲ့ပြီး လူလောကထဲကထွက်သွားကြတယ်။အခုတော့ ကျတော်တစ်ယောက်ထဲပေါ့။အင်ဂျင်နီယာပေါက်စလေးတစ်ယောက်အတွက် အခွင့်အလမ်းများစွာရှိပေမယ့်လည်း ပါးနဲ့မားတို့ သွေးချွေးတွေနဲ့ တည်ထောင်ခဲ့တဲ့ ချွမ်း ဟိုတယ်လုပ်ငန်းစုကိုထ်ိန်းသိမ်းဖို့အတွက် အိပ်မက်ကိုခဏမေ့ထားပြီး စီးပွားရေးဇုန်ထဲ မျက်စိ စုံမှိတ်ပြီးဝင်ခဲ့တယ်။အပြုံးမျက်နှာဖုံးနဲ့အိတ်ထဲမှာ သေနတ်ကိုယ်စီကိုင်ထားကြတဲ့လူတွေကြောင့် ကျတော့်ရဲ့စိတ်က အေးစက်မှန်မသိအေးစက်ခဲ့တယ်။လူတွေက ကျတော့်နောက်ကွယ်မှာ ကျတော်ကို မျက်နှာသေနဲ့ရေခဲတုန်း လို့ခေါ်ကြတယ်။ဒါ ကျတော်ရဲ့ အကြောင်းပေါ့။
5.9.2027
လောကမှာ ထူးဆန်းမှုတွေနဲ့ပြည့်နက်နေတယ်လို့ လူတစ်ချို့ကယုံကြည်ကြတယ်။ဒီလိုယုံကြည်တဲ့အထဲမှာ ကျတော်ကိုယ်တိုင်လည်းအပါအဝင်ပေါ့။အေးအေးဆေးဆေး CEO လုပ်နေတဲ့ ကျတော်က ပထမတစ်ရွက်သာရေးထားရသေးတဲ့ ဒိုင်ယာရီ စာအုပ်လေးနဲ့အတူ မိဘတွေရှိစဉ်ကဝယ်ထားတဲ့ တောအုပ်လေးထဲကို ကားလေးတစ်စီးဖြင့်ရောက်ရှိလာခဲ့တယ်။မရောက်ဖြင့်တာကြာပြီဖြစ်တဲ့ တောအုပ်လေးထဲလျှောက်ကြည့်နေတုန်း ကျောက်ဂူလေးတစ်ခုထဲ ဝင်နားပြီးအမောဖြေနေစဉ် ယုန်ဖြူလေးတစ်ကောင်က ကျောက်ဂူအထဲကဖောက်ထွက်လာတာမြင်တော့ အင်ဂျင်နီယာတစ်ယောက်ပီပီ တည်ဆောက်မှုကို စိတ်ဝင်စားမိ၍ လက်တစ်ဖက်က ဒိုင်ယာရီစာအုပ်လေးကို ကိုင်ပြီး ယုန်လေးထွက်လာတဲ့ ကျောက်ဂူလေးကိုလက်ဖြင့့်ထိလိုက်ချိန် တစ်စုံတစ်ခုကဆောက်ဆွဲလိုက်သလိုခံလိုက်ရကာ ကျောက်နံရံတစ်ဖက်ခြမ်းကိုရောက်လာခဲ့တယ်။
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်