Uni
ရှောင်းဝေ့တစ်ယောက် သူ့အစ်ကိုတော်ရဲ့ချစ်သူလေးကိုနှစ်သိမ့်ပေးပြီးနောက် ဥယျာဉ်အတွင်းက ရေကန်ဆီကိုလာခဲ့တော့သည်။ချောင်းစရာအတွဲလေးများရှိမလားလို့ လိုက်ရှာနေတုန်း မျက်လုံးထောင့်မှ လူတစ်ယောက်ကိုမြင်လိုက်တော့ လှမ်းနှုတ်ဆက်လိုက်လေသည်။
" လေညင်းလာခံတာလား နတ်နန်းသခင်ရွီ "
ရွီယီဟန်လည်း အနားသို့လျှောက်လာကာ
" ဟုတ်ပါတယ် မိန်းကလေးဝေ့ "
ရှောင်းဝေ့က ပြုံးပြုံးလေးသာနေလိုက်ပြီး မျက်ဝန်းများကတော့ သူမအရှေ့က ရွီယီဟန်အား အပေါ်အောက်ကြည့်ရင်း အတွေးထဲ၌
' မဆိုးဘူး မဆိုးဘူး လူပုံစံကအပေါ်က နေမယ့်ရုပ်လေး ဆိုးတာက အခုနန်းတွင်းမှာ သူ့နဲ့လိုက်ဖက်မယ့်သူမရှိတာဘဲ့ သနားစရာပါလား အလာကောင်းပေမယ့် အခါနှောင်းရှာပါပြီလေ '
သူမကထိုသို့တွေးနေချိန် တစ်ဘက်မှ ရွီယီဟန်ကလည်း သူ့ကိုကြည့်နေတဲ့ ရှောင်းဝေ့အား
' ငါ့ကိုယ်ပေါ်မှာတစ်ခုခုများပေနေလို့လား ဘာလို့စိုက်ကြည့်နေတာပါလိမ့် '
" အဟမ်း အဟမ်း မိန်းကလေးဝေ့ ကျုပ်မျက်နှာမှာတစ်ခုခုပေနေလို့လား "
" ရှင် အာ ဘာမှမပေပါဘူး နတ်နန်းသခင်ရွီ ကချောလို့ကြည့်မိတာပါ "
စပ်ဖြီးဖြီးအပြုံးအား ရှက်ပြုံးဟုအဓိပ္ပာယ်ဖွင့်လိုက်တဲ့ ရွီယီဟန်က ရှောင်ဝေ့အား ပိုပြုံးပြကာ
" ကျတော့်ကို ယီဟန် လို့သာခေါ်ပါဗျာ "
" ဒါဆို ကျမကိုလည်း ရှောင်ဝေ့ လို့သာခေါ်ပါ ယီဟန် "
မိတ်ဆက်မှုတွေပြီးသွားတော့ ယီဟန်လည်း စကားမရှိစကားရှာကာ သူမလေးအား အနားမှမထွက်သွားစေရန် ပြောနေတော့သည်။ ရှောင်ဝေ့လည်း အစက လိုက်ပြောနေပေမယ့် ခပ်လှမ်းလှမ်းမှဖြတ်သွားသော မင်းသားခြောက်နဲ့ယွီပင် ဆိုတဲ့သူကိုမြင်လိုက်ရတော့ သွားချောင်းချင်တော့သည်။ဒီမှာကလည်း စကားစမပြတ်နိုင်တဲ့ ယီဟန်ကြောင့် လမ်းပျောက်နေတော့သည်။
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်