အပိုင်း(21)

1.1K 109 0
                                    

Uni

ဒီတလောအတွင်း နန်းတော်တွင်အခြေအနေသိပ်မကောင်းကြပေ။မင်းသားတစ်ပါးပြီးတစ်ပါး လုပ်ကြံခံရလေသည်။ဒါပေမယ့် တစ်ယောက်မှ ဒဏ်ရာကြီးကြီးမားမားမရကြပေ။ရီပေါက တစ်ယောက်ချင်းစီစုံစမ်းကြည့်တော့ လုပ်ကြံတဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက်မတူကြပေ။ရှောင်းကျန့်ကတော့ ရီပေါကို စိတ်ပူကာ သူ့အတွက်မင်းကြီးချပေးထားတဲ့အဆောင်မှာမနေခိုင်းတော့ဘဲ နတ်နန်းဆောင်မှာဘဲ့နေခိုင်းတော့သည်။မင်းကြီးအပါအဝင် နန်းတွင်းကလူတွေကတော့ မင်းသားကိုးနဲ့ နတ်နန်းသခင်လေးတို့က အရမ်းခင်ကြတဲ့သူငယ်ချင်းတွေမို့ နတ်နန်းဆောင်မှာ မင်းသားကိုးက လုပ်ကြံသူတွေကို ကြောက်လို့ နတ်နန်းဆောင်မှာအတင်းကပ်နေနေတယ်လို့သာသိကြလေသည်။

" အဟက် "

ရီပေါတွေးလေတွေးလေ ပိုပြီးတော့ ရယ်ချင်ချင်ဖြစ်လာလေသည်။ဒါကြောင့်အသံထွက်တဲ့အထိရယ်မိသွားတော့သည်။

" ဘာတွေတွေးပြီး ဒီလောက်တောင်ရယ်နေရတာလဲ ဝမ်လေး "

အခု နတ်နန်းသခင်လေးအလစ်မှာ သူ့ဦးရီးတော်အဆောင်ကိုလာလည်ခြင်းဖြစ်သည်။သူရယ်နေတုန်း သူ့ဦးရီးတော်က မုန့်ပန်းကန်နဲ့ ဝင်လာခြင်းဖြစ်သည်။ရီပေါက မုန့်ယူစားရင်းပြောလိုက်လေသည်။

" မဟုတ်ပါဘူး လူရှေ့မှာတစ်ယောက်ကိုတစ်ယောက်ပြုံးပြပြီး နောက်ကွယ်ရောက်တော့ အချင်းချင်းလုပ်ကြံနေကြတာလေ "

စကားရပ်ကာ ရေခဏသောက်လိုက်ပြီး ဆက်ပြောလေသည်။

" မင်းသားသုံးက အိမ်ရှေ့စံ၊မင်းသားခြောက်နဲ့မင်းသားရှစ်၊မင်းသားတစ်ဆယ်ကို လုပ်ကြံတယ်။မင်းသားရှစ်နဲ့မင်းသားတစ်ဆယ်က မင်းသားသုံးနဲ့လေးကို လုပ်ကြံတယ်။အဆင့်မြင့်ကြင်ယာတော်က ကျတော်ကိုလုပ်ကြံတယ်။တတိယမိဖုရားက အဆင့်မြင့်ကြင်ယာတော်ကို လုပ်ကြံဖို့လုပ်တယ်။ဒီတော့ ကျတော်က သူတို့အားလုံးအတွက် ကျင်းအကြီးကြီးတူးပေးထားလိုက်တယ် "

" ဒါဆို ဝမ်လေးကို လုပ်ကြံတာ မင်းအမေပေါ့ "

" အမေ ဟက် ကျတော်မှာ အမေရော၊အဖေရော မရှိပါဘူး ဦးလေးရာ "
' ဒယ်ဒီနဲ့ ပါးပါး ဘဲ့ရှိတာ ´

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင် Where stories live. Discover now