အပိုင်း (15)အဆက်

1.2K 154 1
                                    

Uni

နောက်တစ်နေ့မနက်

ရီပေါရဲ့ခေါင်းက ဒဏ်ရာကြောင့် ရှောင်းကျန့်ကထပ်နားဖို့ပြောပေမယ့် ရီပေါက ခေါင်းမာစွာဖြင့် ခရီးဆက်ရန်လုပ်နေတာကြောင့် ရှောင်းကျန့်က ရီပေါကိုစကားမပြောတော့ပေ။

ရီပေါက သူ့ကိုစကားမပြောဘဲ ကောက်စိန်လေးလုပ်နေတဲ့ ကျန့်ကောကို မချော့သေးပေ။သူကိုယ်တိုင်က မွေးစားအဖေနဲ့ မွေးစားအဖေရဲ့ချစ်သူ သဖြင့်လည်း အခုသူဝင်ထားတဲ့ခန္ဓာပိုင်ရှင်ရဲ့ဦးငယ်ကိုတွေ့ချင်တာကြောင့် ခေါင်းမာစွာရှေ့ဆက်ဖို့ရွေးချယ်ခြင်းဖြစ်သည်။နတ်နန်းသခင်လေး သူ့ကိုစိတ်ပူနေတယ်ဆိုတဲ့အသိက ရီပေါရဲ့ဒဏ်ရာကိုအရှင်းပျောက်အောင်ကုသပေးလိုက်သလို ရီပေါရဲ့ စိတ်ကတက်ကြွလန်းဆန်းနေတော့သည်။

" မြေပုံအရတော့ ဒီလမ်းကြောင်းအတိုင်းလျှောက်သွားရမှာ လမ်းဆုံးရင် တံခါးပေါက်သုံးခုရှိတယ် နှစ်ခုက အန္တရာယ်ရှိတယ် တစ်ခုကတော့လမ်းမှန် ဒါပေမယ့် မြေပုံထဲမှာဘာကလမ်းမှန်လဲဆိုတာမဖော်ပြထားဘူး ကြည့်ရတာ ကိုယ်တိုင်ရွေးချယ်ရမယ့်ပုံဘဲ့ "

မြေပုံကြီးတကားကားနဲ့ ပွစိပွစိပြောနေတဲ့ ကောင်လေးကိုကြည့်ကာ ရှောင်းကျန့်တစ်ယောက် သူ့စကားနားမထောင်ရကောင်းလားဆိုပြီ ထုရိုက်ချင်စိတ် တစ်ဖွားဖွားပေါက်နေပါသော်လည်း အဆုံးမှာမျိုသိပ်လိုက်ပြီး

" တံခါးတွေ့မှ ဆက်ပြော အခုဆက်သွားမယ် "

ဒီလိုနဲ့ ဆက်သွားရင်းလမ်းဆုံးရောက်တော့ ကျောက်တံခါးသုံးခုတွေ့လေသည်။သူတို့အားလုံးတံခါးသုံးချပ်ကိုစူးစမ်းရင်းမှ ရှင်းဟွာက

" ညာဘက်တံခါးကိုစမ်းကြည့်ရအောင် အန္တရာယ်တစ်ခုခုကြုံလာရင်လည်း တိုက်ရုံဘဲ့ပေါ့ "

ရှင်းဟွာရဲ့စကားကြောင့် ရှီ့လွေ့က

" ကောတို့ထဲမှာရှင်းဟွာလေးက သတ္တိအရှိဆုံးဘဲ့ "

မြောက်ပြောသူနဲ့ မြောက်ပြောတာကြိုက်သူနဲ့တွေ့နေတာကြောင့် ကျန်တဲ့သူတွေလည်း မသိချင်ယောင်ဆောင်ကာ တံခါးဖွင့်ဖို့နည်းလမ်းရှာတော့ တံခါးတိုင်းရဲ့နံဘေးနံရံမှာကုဒ်ရိုက်ထည့်ရသည်ကိုတွေ့လိုက်ရတော့ရီပေါက အရာအားလုံးစတင်တဲ့နေ့ကိုဘဲ့ရိုက်နှိမ့်လိုက်လေသည်။

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင် Where stories live. Discover now