အပိုင်း(14)

1.2K 132 0
                                    


Uni

နောက်တစ်နေ့မနက်ရောက်တာနဲ့ ရီပေါက  သူ့အဖေရေးဆွဲခဲ့တဲ့မြေပုံအတိုင်း ဦးဆောင်ပြီးတောင်ထိပ်သို့တက်ရောက်ကြလေသည်။မြေပုံကျေးဇူးကြောင့် ထောင်ချောက်အတော်များများကိုဖြတ်ကျော်နိုင်ခဲ့လေသည်။နေ့တစ်ဝက်အကျော်မှာဘဲ့ တောင်ထိပ်ကိုရောက်လာတော့သည်။

" နောက်ဆုံးတော့ တောင်ထိပ်ကိုရောက်လာပြီကွ "

အုပ်စုထဲမှာအငယ်ဆုံးဖြစ်တဲ့ ဟောက်ရွမ်းက အော်ဟစ်တော့သည်။သူ့အသံက ပဲ့တင်သံဖြစ်သွားပြီး ထပ်ကာ ထပ်ကာ ကြားနေရတော့ ဟောက်ရွမ်းက ထပ်အော်ရန်ပြင်လိုက်စဉ် တစ်လမ်းလုံးအပြုံးမဲ့နေတဲ့ရီပေါက

" မြွေတွေထွက်လာပြီ မင်းကိုမကိုက်စေချင်ရင် အခုချက်ချင်း ပါးစပ်ပိတ်လိုက်တော့ ဟောက်ရွမ်း "

ရီပေါရဲ့ အသံကမာနေတော့ ဟောက်ရွမ်းက ရီပေါကိုကြည့်ပြီး

" ဘာလဲ အစ်ကိုကိုးက အာဏာပြဖို့ကြံနေတာလား အစ်ကိုကိုးမမေ့နဲ့နော် ကျတော်တစ်ခုခုဖြစ်ရင် အမေနဲ့ ခမည်းတော်က အစ်ကိုကိုးကို ခွင့်လွှတ်မှာမဟုတ်ဘူး "

ရီပေါကို မိဘနှစ်ပါးစလုံးက ဂရုမစိုက်ကြဘူးဟု သွယ်ဝိုက်ကာ လှောင်ထေ့လိုက်လေသည်။ကျင့်ဟိုင်နဲ့ဖုန်းလင်းက ရယ်နေလေသည်။မင်းချောင်က မျက်နှာမှာအမူအရာမပြပေမယ့် မျက်ဝန်းတွေထဲက ကျေနပ်မှုကိုတော့ ဖုံးဖိလို့မရပေ။ရီပေါက ငြိမ်နေပေမယ့် ရှီ့လွေ့က

" ညီငယ် မင်းဘယ်လိုပြောလိုက်တာလဲ ဝမ်လေးက မင်းအစ်ကိုအရင်းနော် "

" အစ်ကိုရင်း ဘာအစ်ကိုရင်းလည်း ဆယ်နှစ်ကျော်လောက်ရူးနေတဲ့ အစ်ကိုရင်းလား တော်စမ်းပါဗျာ အမေကတောင် သူ့ကို ဂရုမစိုက်တာ ကျတော်က ဘာလို့ဂရုစိုက်ရမှာလဲ "

" မင်း "

ရှီ့လွေ့က ဆက်ပြောဖို့လုပ်နေချိန် ထိုင်နေတဲ့ရီပေါက ထလာပြီး ဟောက်ရွမ်း ဆီသို့ဓားမြောင်တစ်ချောင်းပစ်လွတ်လိုက်လေသည်။ဟောက်ရွမ်းက ကြောက်လန့်ပြီးမျက်လုံးမှိတ်လိုက်လေသည်။ဒါပေမယ့် ဓားမြောင်က သူ့ကိုကျော်ကာ သူ့အနောက်က သူ့ကိုပေါက်ရန်ကြံနေသောမြွေကိုစိုက်သွားလေသည်။အားလုံးရဲ့အရှေ့မှာဘဲ့ ရီပေါက မြွေကိုယ်မှာစိုက်နေတဲ့ ဓားမြောင်ကိုဆွဲထုတ်ပြီး ဓားမြောင်မှာစွန်းနေတဲ့သွေးတွေကိုသုတ်ရင်း

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင် Where stories live. Discover now