အပိုင်း(20)

1.1K 116 1
                                    

Uni

သုံးရက် .......သုံးရက်ရှိသွားပြီ။ရှောင်းကျန့်က ရီပေါကို ကုတင်ပေါ်ကနေမဆင်းခိုင်းတာ သုံးရက်တောင်ရှိသွားပြီဖြစ်သည်။ခါးနာနေတယ်ဆိုတဲ့ အကြောင်းပြချက်ကြီးနဲ့ ရီပေါကို ကုတင်ပေါ်က မဆင်းခိုင်းဘဲလူနာတစ်ယောက်လို ပြုစုပေးနေလေသည်။အစစ အရာရာရှောင်းကျန့် ဘဲ့လုပ်နေ၍ ရီပေါက အခန့်သာပင်။

" ကျန့်ကောရေ "

လို့ခေါ်လိုက်တာနဲ့ သူ့နတ်နန်းသခင်လေးက ရေပါတစ်ခါတည်းယူလာလေသည်။အဲလောက်ထိကို သူ့ကိုဂရုစိုက်ခြင်းဖြစ်သည်။ဒါအပြင် ဒီသုံးရက်အတွင်း မင်းသားကိုးပျောက်သွားတယ်ဆိုတဲ့ သတင်းကထလာပြန်လို့ နတ်နန်းသခင်အဆောင်မှာ နေမကောင်းလို့ ဆေးကုသခံနေကြောင်း ဘုရင့်အဆောင်ကို သတင်းပို့ရပြန်သည်။လူနာလာကြည့်တဲ့ မင်းသား၊မင်းသမီးအပြင် ဦးရီးတော်ကိုပါ နတ်နန်းသခင်လေးက အဝင်မခံပေ။တော်တော်ချစ်ဖို့ကောင်းပြီး ဂရုစိုက်လွန်းတဲ့ ချစ်ရသူလေး။

ရှောင်းကျန့် သူ့ချစ်သူလေးစားဖို့အတွက် သစ်သီးအခွံခွာပေးပြီးပန်းကန်ပြားလေးထဲသေချာထည့်ကာ ချစ်သူလေးရှိရာကိုလာလိုက်လေသည်။

" ကလေးလေး သစ်သီးစားချိန်ရောက်ပြီး "

ပြောရင်းဆိုရင်း အတွင်းခန်းထဲကိုဝင်လာတော့ ကုတင်ပေါ်မှာ ထိုင်ပြီးပြုံးနေတဲ့ ရီလေးကိုတွေ့လိုက်ရလေသည်။ချစ်သူစဖြစ်ချိန်ကနေပြီးတော့ သူအရင်တုန်းကတည်းက အမြဲခေါ်ချင်နေတဲ့ နာမ်စားလေးကိုဘဲ့ ခေါ်တော့သည်။အနားကိုသွားပြီး သစ်သီးပန်းကန်ကို စားပွဲပေါ်ချကာ အတွေးလွန်နေတဲ့ ကလေးပေါက်လေးရဲ့နှာခေါင်းလုံးလုံးလေးအား လက်ချောင်းနဲ့ဆွဲလိုက်ပြီး

" ကော ကလေးပေါက်လေးက ဘာတွေတွေးနေတာမို့ ကောလာတာတောင်မသိရတာလဲ ဟမ့် "

ထိုအခါမှ ရီပေါလည်းအသိဝင်လာပြီး သူ့ကိုစိတ်ဆိုးသလိုလေးကြည့်နေတဲ့ ရှောင်းကျန့်အား ဆွဲဖက်ကာ

" ကလေးလေးက ကောကော အကြောင်းတွေးနေတာပေါ့ မဟုတ်ရင် ကလေးက ဘယ်သူ့အကြောင်းတွေးရမှာလဲလို့ "

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင် Where stories live. Discover now