အပိုင်း(27)

1.1K 100 3
                                    

Uni

ရတနာဆိုင်အတွင်း၌ ယွီပင်တစ်ယောက် ကျောက်စားပွဲဝိုင်းပေါ်တွင် အသက်မပါသလို ထိုင်နေလေသည်။ သံတမန်ကြိုဆိုပွဲပြီးတာ ငါးရက်ရှိပြီဖြစ်သည်။ဒီငါးရက်အတွက် သူနန်းတော်ကိုလုံးဝမသွားရဲပေ။အထူးသဖြင့် နတ်နန်းဆောင်ကိုပင်။ ထိုစဉ် ဂိုဏ်းသားတစ်ယောက်က ယွီပင် အနားရောက်လာကာ

" ဒုခေါင်းဆောင် ရတနာဆိုင်မှာ မင်းသားသုံး ရောက်နေပါတယ် သူက ဒုခေါင်းဆောင်ကို တွေ့ချင်တယ်လို့ပြောနေပါတယ် "

" ငါမရှိဘူးလို့ ပြောပြီး အကြီးအကဲလီ ကိုကိုယ်စားထွက်တွေ့ခိုင်းလိုက် အရေးမကြီးတာဆိုရင် သူပြောသမျှကိုလက်ခံခိုင်းလိုက် သွား "

" ဟုတ် "

ဂိုဏ်းသားထွက်သွားပြီးနောက် ယွီပင်လည်း ကျောရိုးမရှိတဲ့သူပမာ ပျော့ခွေကျနေတော့သည်။ အမွေးတိုင်တစ်တိုင်စာအချိန်ကုန်သွားပြီးနောက် အကြီးအကဲလီ ကယွီပင်အနားရောက်လာပြီး

" ဒုခေါင်းဆောင် ခဗျာ မင်းသားသုံးက စဲနိုင်ငံကလာတဲ့ ကူအဆိပ်ကိုလိုချင်လို့ပါဆိုပြီး လာဝယ်ပါတယ်ဗျာ ကူအဆိပ်က အရေးကြီးတာမို့ မနက်ဖြန်မှပြန်လာဖို့ ပြောလိုက်ပါတယ် "

ယွီပင်က အကြီးအကဲလီ ကိုတစ်ချက်တောင်လှည့်မကြည့်ဘဲနဲ့

" အင်း ခင်ဗျာတော်တယ် "

" ဗျာ ဒါဆို ကျတော် မင်းသားသုံးကို သဘောတူလိုက်ရမှာလား မတူရမှာလားဗျာ "

" ငါလည်းမသိဘူး မင်းအဖေကြီးလာမှသွားမေးချေ "

အကြီးအကဲလီ ခမျာ အလကားနေရင်း ဆဲခံရလိုက်သဖြင့် ဘာပြောရမလဲမသိဖြစ်နေစဉ် သူ့အနောက်မှာ လူတစ်ဦးလာနေတာကို သတိထားမိလိုက်သဖြင့် နောက်လှည့်ကြည့်လိုက်တော့

" ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ် "

" အင်း "

" ဂိုဏ်းချုပ် မင်းသားသုံးက ရတနာဆိုင်ကိုလာပြီး စဲနိုင်ငံကလာတဲ့ ကူအဆိပ်ကိုဝယ်ချင်လို့ပါတဲ့ ဒါနဲ့ကျတော်လည်း သူ့ကိုမနက်ဖြန်မှပြန်လာလို့ပြောလိုက်ပါတယ် "

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင် Where stories live. Discover now