Uni
မနက်ခင်းကတည်းက မင်းရို့နဲ့ ရီပေါတို့ကျားကစားနေခဲ့တာ နေ့လည်စာစားချိန်ပင်ကျော်နေပြီဖြစ်သည်။သုံးပွဲကစားတာ သုံးပွဲလုံး မင်းရို့ကရှုံးနေသဖြင့်မကျေနပ်ဘဲ ရီပေါကိုထပ်ခါထပ်ခါစိန်ခေါ်နေလေသည်။ ရီပေါကလည်း သူ့ဦးရီတော်အလိုကျ ကစားပေးနေလေသည်။ခေတ်သစ်ကလာခဲ့တဲ့ ရီပေါအဖို့ ဒီလိုရှေးကျတဲ့ကစားနည်းက သူ့အတွက်လွယ်လွန်းနေလေသည်။ နောက်ဆုံး မင်းရို့က သူ့အရှုံးကို ဝန်ခံလိုက်သဖြင့် ရီပေါက
" ဦးရီးတော် ကိုယ့်စကားကိုယ်တည်ရမယ်နော် "
သတိပေးစကားပြောလိုက်တော့ မင်းရို့က သက်ပြင်းချကာ
" ဘာလို့မင်းဦးလေးကို လက်ဖက်ရည်မဆက်သသေးတာလဲ "
သူ့ဦးရီတော်စကားကို စက္ကန့်ပိုင်းလောက်နားလည်အောင်ကြိုးစားလိုက်ပြီးတာနဲ့ ရီပေါလည်း မင်းရို့ကိုဆရာအဖြစ်အသိမှတ်စေရန် လက်ဖက်ရည်ငှဲ့ကာ တရိုတသေပေးလိုက်လေသည်။မင်းရို့ကလည်း သောက်လိုက်ပြီး
" ဒီနေ့ကစပြီး မင်းက ငါ့တပည့်ဘဲ့ "
" ဟုတ်ကဲ့ပါ ဆရာ "
" ဦးလေး လို့ဘဲ့ခေါ်ပါကွာ "
" ကောင်းပါပြီ ဦးလေး ဒါနဲ့လေနေ့လည်စာမစားသေးဘူးလား ကျတော်ဗိုက်ဆာနေပြီ "
ရီပေါရဲ့စကားကြောင့် တစ်ဖက်စားပွဲပေါ်မှာရှိနေတဲ့ မုန့်ကုန်နေပြီဖြစ်တဲ့ ပန်းကန်လွတ်ပေါင်းများစွာကိုကြည့်လိုက်ပြီး
" ထပ်ဆာပြန်ပြီလား တူလေးမင်းဗိုက်ကပေါက်နေတာလားကွ ဘယ်လောက်စားစားမဝဖြစ်နေတာက ဟမ့် "
ရီပေါလည်း အရှက်ပြေသူ့ခေါင်းကိုသူကုတ်ကာ ရယ်ကျဲကျဲဖြစ်
" ကျတော်လည်းမသိဘူးလေ ဗိုက်ကသူ့အလိုလိုဆာနေတာကို"
" ဟုတ်ပါပြီကွာ "
လို့ပြောပြီးတာနဲ့ မင်းရို့က သူ့လက်အောက်ကလူတစ်ယောက်ကို နေ့လည်စာပြင်ဆင်ဖို့အမိန့်ပေးလိုက်လေသည်။ခဏကြာတော့ ထမင်း၊ဟင်းတွေက စားပွဲအပြည့်ဖြစ်သွားလေသည်။
မင်းရို့သူ့အရှေ့မှာ နေ့လည်စာတွေအားပါးတရစားနေတဲ့ ၁၂နှစ်သားအရွယ်ထက်သေးငယ်ပုံပေါ်နေတဲ့ကောင်လေးကိုကြည့်ကာ သူ့အစ်ကိုတော်ရဲ့ဘက်လိုက်မှုကို တွေးနေမိလေသည်။သူတွေးလို့ပြီးသွားလို့စားဖို့အတွက် စားပွဲပေါ်ကိုကြည့်လိုက်တော့ အကုန်လုံးပြောင်ရှင်းနေတာကိုတွေ့လိုက်ရတော့ သူ့တူကိုကြည့်လိုက်လေသည်။ထမင်းပန်းကန်လုံးပါမြိုချဖို့ကြံနေသလားမှတ်ရအောင် စားနေသည်ကိုတွေ့လိုက်ရတော့ မင်းရို့လည်း သက်ပြင်းထပ်ချမိသွားတော့သည်။ဒီကောင်လေးစားပြီးတဲ့အထိစောင့်လိုက်ပြီးမှ
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်