Uni
ဒီနေ့က ဘုရင်နဲ့မိဖုရားခေါင်ကြီးတို့ရဲ့ မွေးနေ့ပါဆိုနေမှ မနက်ကတည်းက ပျောက်ခြင်းမလှပျောက်နေတဲ့ သူ့ချစ်သူလေးကြောင့် ရှောင်းကျန့်တစ်ယောက် နန်းတော်ထဲလိုက်ရှာခိုင်းထားပြီး သူကတော့ သူ့ချစ်သူလေးရဲ့ ကံဇာတာကိုပြန်စစ်ရေတာ့သည်။ ဘာအန္တရာယ်မှမရှိဘူးဆိုတာသေချာမှ ပွဲသွားဖို့အတွက် အဝတ်အစားတွေပြင်ဆင်ရပြန်သည်။အဝတ်အစားဝတ်ပြီးတာတောင် မလာသေးတဲ့ကောင်ဆိုးလေးကြောင့် ရှောင်းကျန့်တစ်ယောက် စိတ်ပူဒေါပွလာတော့သည်။နတ်နန်းအရှေ့မှာ ဟိုဘက်ဒီဘက်လျှောက်နေတဲ့ သူမအစ်ကိုတော်ကြောင့် ရှောင်းဝေလည်း မုန့်စားရင်းထိုင်ကြည့်နေတော့သည်။
အချိန်ကပ်ခါနီးမှ အဖြူရောင်ဝတ်စုံတစ်ထည်ဝတ်ဆင်ကာရောက်လာသောရီပေါကြောင့် ရှောင်းကျန့်ခေါင်းကိုက်သွားတော့သည်။
" ရီလေးရာ တစ်နေကုန်ဘယ်ပျောက်နေတာလဲကွာ အခုလည်း ဘာဝတ်စုံကြီးဝတ်ချလာတာလဲ အခြားသူတွေတစ်မျိုးထင်နေ ... "
ခါတိုင်းနဲ့မတူဘဲ အေးစက်နေတဲ့မျက်နှာနဲ့ရီပေါကြောင့် ရှောင်းကျန့် စကားစကိုရပ်လိုက်ကာ ရီပေါကိုထပ်အကဲခတ်ပြီးမှ
" ရီလေး အဆင်ပြေရဲ့လား "
သူ့အနားကိုလျှောက်လာပြီးစိုးရိမ်စိတ်နဲ့ မေးနေတဲ့ ဖူးစာရှင်လေးကြောင့် ရီပေါလည်း လူသတ်ချင်စိတ်ကိုထိန်းချုပ်လိုက်ပြီး
" ကျတော် ဘာမျမဖြစ်ပါဘူး ကောရာ အဝတ်အစားတော့ မလဲတော့ဘူး ဒီအတိုင်းလေးဘဲ့သွားရအောင် "
သူ့ချစ်ရသူလေးကိုပြောပြီးနောက် ရှောင်းဝေဘက်လှည့်ကာ
" ကျဲရေ ကွာစေ့တွေများများယူခဲ့ ဟိုရောက်ရင် ပြဇာတ်ကောင်းကောင်းရှိတယ် "
ရှောင်းဝေက ရီပေါစကားကိုချက်ချင်းနားထောင်လေသည်။ ကွာစေ့တစ်ပန်းကန်လုံးကို ပုဝါအသစ်ထဲေလာင်းချရုံသာမက မြေပဲတွေကိုပါ ထည့်ကာ သေသေချာချာချည်လိုက်လေသည်။ထိုနောက် ထကာ
" သွားမယ် လာ "
ဟုပြောကာ အရှေ့မှတက်ကြွစွာထွက်သွားတော့သည်။
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်