Uni
စုန်အင်ပါယာက သံတမန်တွေကိုကြိုဆိုပွဲမတိုင်မီ နှစ်နာရီအလို
" ဒီဆင်စွယ်ရောင်လေးဆိုရင်ရော ကလေး "
" မကြိုက်ဘူး နောက်တစ်ထည် "
" ဒါဆို ဒီနက်ပြာရောင်အဖျော့လေးဆိုရင်ရော "
" နောက်တစ်ထည် "
" အင်းး ဒီမှာ အဖြူရောင်မှာ အနီရောင်နွယ်တွေနဲ့ဝတ်စုံဆိုရင်ရော "
" မရသေးဘူး "
" အနီနဲ့အနက်ရောင် ဝတ်စုံ "
ဒီတစ်ခါကျတော့ ရှောင်းကျန့်ရဲ့အသံက အနည်းငယ်မာထန်လာသော်လည်း ရီပေါက
" နောက်တစ်ထည် "
" ဝမ်ရီပေါ "
နတ်နန်းသခင်လေးရဲ့အသံက အဆောင်တစ်ခုလုံးဖုံးလွှမ်းသွားတော့သည်။
" ဝမ်ရီပေါ မင်းဟာကလည်းကွာ ဟိုအထည်ဝတ်မယ်ဆိုလည်းမကြိုက်၊ ဒီအထည်ကျပြန်တော့လည်း မဝတ်ရ ဘူးဆိုတော့ ငါကဘာဝတ်ပြီး ပွဲတက်ရမှာလဲကွာ "
ရှောင်းကျန့်က နန်းတွင်းသူတွေလက်ထဲ အဝတ်တွေပြန်ပေးကာ ခေါင်းတခါခါဖြင့်ငြီးတွားနေသော်လည်း ရီပေါက ထိုင်ရာက ပုံတောင်မပျက်ဘဲနဲ့
" ဒါကောအပြစ်လေ ကောက ဘာဝတ်စုံနဲ့မဆို နတ်ဘုရားလိုမျိုးချောနေတာလေ ဒီတော့ ကျတော်ကဘယ်လိုစိတ်ချရမှာလဲ "
ပြောကာ တစ်ဖက်သို့လှည့်သွားတဲ့ ကလေး ကြောင့် ရှောင်းကျန့်ခမျာ သူကဘဲ့စိတ်ဆက်ဆိုးရမလား၊ချောလွန်းတဲ့ကိုယ့်ကိုယ်ကိုယ်ဘဲ့ အပြစ်ပြန်တင်ရမလား လို့ ခဏလောက်လမ်းပျောက်နေပြီမှ
ကုတင်အစွန်းမှာထိုင်နေတဲ့ ရီပေါရဲ့ပေါင်ပေါ်မှာ ဦးခေါင်းတင်ကာ အိပ်လိုက်ပြီး တစ်ဖက်သို့လှည့်နေတဲ့ ရီပေါရဲ့လည်ပင်းကိုသိုင်းဖက်လိုက်တော့ ရီပေါရဲ့မျက်နှာနဲ့ သူ့ရဲ့မျက်နှာက တစ်လက်မကျော်ကျော်လောက်ဘဲ့ကွာတော့သည်။ရီပေါရဲ့မျက်ဝန်းတွေကိုစေ့စေ့ကြည့်ကာ" ဒီလိုဆို ကလေးကိုယ်တိုင်ရွေးပေးတာဝတ်မယ်လေ ကလေး ဘယ်လိုလဲ "
သည်လိုဆိုတော့လည်း ရီပေါက ပြုံးကာသူ့တို့နှစ်ယောက်ရဲ့အကွာအဝေးကိုပိုနီးအောင်လုပ်ပြီး
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်