Uni
ညဘက်ကြီး မြင်းစီးကာ နန်းတော်ထဲမှ ထွက်လာသော မင်းသားတစ်ဆယ်ကြောင့် တံခါးမှာတာဝန်ကျတဲ့အစောင့်များက စိတ်ထဲငြီးငြူးမိသွားလေသည်။မကြာပါ နောက်ထပ်မြင်းတစ်ကောင်နဲ့ အပြင်ထွက်ခွင့်တောင်းလာတဲ့ စုန်သံတမန်ကြောင့် ပိုငိုချင်လာတော့သည်။
// ညဘက်အပြင်ထွက်ချင်ကြရင်လည်း ဟိုအနောက်ပေါက်ကခိုးထွက်ကြပါလာဗျာ ခုလိုပေါ်တင်ကြီးသွားပြီး တစ်ခုခုဖြစ်ရင် ကျတော့်တို့ခေါင်းဗျ //
ငိုမဲ့မဲ့လေးဖြင့်တံခါးဖွင့်ပေးလိုက်ကြတဲ့ အစောင့်တွေကို ကျိယန် လှည့်ကြည့်လို့မအားသေးပေ ညဘက်ကြီးနန်းပြင်ကိုထွက်သွားတဲ့ ကောင်ဆိုးလေးနောက်ကိုသာ အပြေးနှင်းမိလေသည်။
ညဘက်တစ်မြို့လုံးတိတ်ဆိတ်နေပေမယ့် လမ်းမထက်မှာတော့ မြင်းခွာသံတွေ ထပ်ခါထပ်ခါပေါ်ထွက်လာနေသည်။ ကျိယန်လည်း မြို့အစွန်းက တောင်ထိပ်လေးကိုသတိရမိသွား၍ မြင်းကိုပိုအရှိန်တင်လိုက်လေသည်။
တောင်ထိပ်ရောက်တော့ တောင်စွန်းမှာ ရပ်နေတဲ့ ကောင်လေးကိုတွေ့လိုက်ရတော့သည်။
" ဟောက်ရွမ်း "
ကျိယန် အတွေးဂယက်ထဲရောက်နေတဲ့ ကောင်လေးကိုအော်ခေါ်လိုက်ပြီး အနားကိုလျှောက်လာလိုက်လေသည်။အနားရောက်တော့ ကောင်လေးရဲ့မျက်နှာပေါ်မှာ မျက်ရည်စတွေကိုတွေ့လိုက်ရလေသည်။
ကျိယန် သူကိုယ်တိုင်တောင်သတိမထားလိုက်မိချိန်မှာ ကောင်လေးရဲ့ပါးပြင်ထက်က မျက်ရည်စများကိုသုတ်ပေးလိုက်မိလေသည်။ နောက်တော့ ကောင်လေးကိုရင်ခွင်ထဲထည့်ကာ နောက်ကျောလေးကိုပွတ်ပေးလိုက်ပြီး" ငိုလိုက်ပါ ဟောက်ရွမ်း မင်းလေး ငိုလိုက် ဒါမှ ပေါ့သွားမှာ "
နောက်ဆုံးတော့ တိတ်ဆိတ်နေတဲ့ကောင်လေးက ရှိုက်ကြီးတစ်ငင်ငိုကြွေးချတော့သည်။
" ကျ ကျတော်က မကောင်းတဲ့အကောင်ဖြစ်နေပြီ အင့် ကျတော်က လူယုတ်မာကြီးဖြစ်နေပြီး ဟင့် ကျတော်မသိခဲ့ဘူး အစ်ကိုကိုးက ကျတော်အစ်ကိုမဟုတ်ဘူးဆိုတာကို ဟင့် အဟင့် ကျတော် ထီးနန်းကိုမလိုချင်ပါဘူး အစ်ကိုကိုးကိုလည်းမနှိမ့်စက်ချင်ဘူး အခြားသူတွေကိုလည်း မဖားယားချင်ဘူး ဝါးးးးးးးးဟင့် ဝူးးးး "
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်