Uniငါးရက်ခန့်ကြာသောအခါ နန်းမြို့တော်တစ်နေရာ၌
" နောက်ဆုံးတော့ နန်းမြို့တော်ကိုပြန်ရောက်ပြီကွ "
ခရီးတလျှောက်လုံးငြီးတွားနေသော ဟောက်ရွမ်းက ထုံးစံအတိုင်း ပွစိပွစိပြောနေပြန်သည်။ရှောင်းကျန့်က သူ့ပခုံးမှာလွယ်ထားတဲ့ သေတ္တာကို လက်တစ်ဘက်ဖြင့်စမ်းလိုက်ပြီး
" အရင်ဆုံး ငါတို့မင်းကြီးဆီသွားပြီး အစီရင်ခံကြတာပေါ့ "
ဒီလိုနဲ့သူ့တို့အားလုံး နန်းတွင်းထဲကိုဝင်လာလိုက်လေသည်။ ညီလာခံလုပ်ရမယ့်အချိန်မို့ သူတို့အားလုံးညီလာခံ ရှိရာကိုလာလ်ုက်ကြလေသည်။တံခါးပေါက်ဝနားမှာရပ်နေတဲ့ ကုန်းကုန်းငယ်က အသိပေးဖုိ့ပြင်လိုက်ပေမယ့် ရှီ့လွေ့က မပေးရန်အချက်ပြလိုက်လေသည်။သူ့တို့ခမည်းတော်ကိုအံ့သြစေချင်လို့ပင်။ဒါပေမယ့် သူတို့တံခါးမဖွင့်ရသေးခင်မှာဘဲ့ သူတို့ခမည်းတော်ရဲ့ စကားသံကအပြင်ဘက်ကိုပျံ့လွင့်လာလေသည်။
" ငါက သားတော်ရှီ့လွေ့ ငယ်စဉ်ကတည်းက သူ့ကိုအိမ်ရှေ့စံအဖြစ်ရွေးထားပြီးသား ဒါကိုအရင်ကတည်းက မကန့်ကွက်ကြဘဲ အခုမှထကန့်ကွက်တာ ဘာသဘောလဲကွ ဟမ့် မောင်မင်းတို့က ငါ့ကိုယ်တော်ကိုပျက်ရယ်ပြုဖို့ကြံကြတာလား "
" သားတော်သုံးက လိမ္မာရေးခြားရှိပြီး အရည်အချင်းရှိတဲ့မင်းသားတစ်ပါးဆိုပေမယ့်လည်း ငါကိုယ်တော် ရှီ့လွေ့ကို အိမ်ရှေ့စံရာထူးကနေပြီး ဖယ်ရှားခိုင်းမှာမဟုတ်ဘူး အဓိကအချက်က သားတော်ရှီ့လွေ့က မိဖုရားခေါင်ကြီးရဲ့သားဆိုတာကိုလည်းမမေ့ကြနဲ့ "
ဒေါသသံစွက်နေတဲ့ ရိုဟန်အသံကြောင့် ရှီ့လွေ့လည်း သူ့အနောက်မှာရပ်နေတဲ့ ညီတော်သုံးကို အားနာသလိုကြည့်လိုက်မိလေသည်။တကယ်တော့ သူလည်းဒီလိုအန္တရာယ်များပြီး အသက်ကိုဖက်နဲ့ထုတ်ထားရတဲ့ရာထူးမျိုးမလိုချင်သော်လည်း ခမည်းတော်ဆန္ဒကိုမလွန်ဆန်ချင်လို့သာ ယူထားရခြင်းဖြစ်သည်။
" ဟင်းးးး "
ရှီ့လွေ့လည်း သက်ပြင်းရှည်တစ်ခုချလိုက်ပြီး တံခါးပေါက်ဝမှာစောင့်နေတဲ့ ကုန်းကုန်းအား အသိပေးရန် အချက်ပြလိုက်လေသည်။ထိုအခါ ကုန်းကုန်းက ညီလာခံအတွင်းဝင်သွားပြီး အသိပေးလိုက်တော့ မင်းကြီးက ချက်ချင်းခွင့်ပြုလိုက်လေသည်။ဒါကြောင့် သူတို့လည်း ညီလာခံအတွင်းဝင်လာလိုက်လေသည်။ရီပေါကတော့ နန်းတွင်းကိုစဝင်ကတည်းက ရှောင်းကျန့်နဲ့ ဘေးချင်းကပ်လျက်လျှောက်လာလေသည်။မင်းကြီးရှေ့ရောက်တော့ အားလုံးက တစ်ပြိုင်ထဲ အရိုအသေပြုကာ
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်