Uni
နှစ်ရက်ခန့်ကြာသောအခါ
ရီပေါမနက်အစောကြီးကတည်းက သူ့အစေခံတွေပြင်ပေးတဲ့အဝတ်အစားကိုဝတ်ကာ နန်းတော်အပေါက်ဝကိုအစေခံတွေနဲ့အတူရောက်လာလေသည်။သူရောက်လာတဲ့အချိန်မှာဘယ်သူမှမရောက်သေးပေ။
အချိန်အတော်ကြာအောင်ရပ်စောင့်လိုက်ပြီးမှ မင်းသား၊မင်းသမီးတွေက ဦးရီတော်ကိုလိုက်ပို့ရန်အတွက် ထိုနေရာကိုရောက်လာလေသည်။
" အားရီ စောင့်နေရတာကြာသွားပြီးလား "
ရှီ့လွေ့ကမေးလိုက်တော့ ရီပေါက ဦးနှောက်လွတ်နေတဲ့သူလိုမျိုး ရယ်ကာ
" ဟိုကောင်းကင်ပေါ်က နေမင်းကြီးအိပ်ရာစထကတည်းက ရပ်စောင့်နေတာ ဟီးဟီး ဟဲဟဲ "
ရှီ့လွေ့က ဘာတစ်ခွန်းမှပြန်မပြောတော့ပေ။ထိုချိန် သူ့ရဲ့
မအေတူ ညီလေးဟောက်ရွမ်းက ရီပေါအရှေ့ရောက်လာကာ ဆန်းကျယ်သောအပြုံးများဖြင့်" အစ်ကိုတော် လမ်းခရီးမှာသာယာပါစေနော် "
ထိုစကားကြားတော့ ရီပေါစိတ်ထဲမှာ လှောင်ရယ်နေမိလေသည်။ သူ့ထက် နှစ်နှစ်လောက်ငယ်သည့် ကောင်လေးရဲ့ စကားနောက်ကွယ်က အဓိပ္ပာယ်နဲ့ သူ့ကိုကြည့်နေတဲ့ မျက်ဝန်းများက အထင်သေးခြင်းများကိုမြင်ရတာပေါ့။ဒါပေမယ့်လည်း ရီပေါက ပြုံးလိုက်ပြီး ဟောက်ရွမ်းကိုတင်းနေအောင်ဖက်လိုက်ပြီး
" ချစ်ညီလေးပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ ဟီးးးဟီးးး "
သူဖက်ထားတုန်းမှာဘဲ့ လက်တစ်စုံကသူ့ကိုတွန်းလိုက်ပြီး ဟောက်ရွမ်းကိုဆွဲခေါ်သွားလေသည်။လက်တစ်စုံရဲ့ ပိုင်ရှင်ကတော့ သူ့ရဲ့အမေ အဆင်မြင့်ကြင်ယာတော်ဖြစ်သည်။ရီပေါကတော့ သူမတွန်းလိုက်တဲ့အရှိန်ကြောင့်ရော၊နဂိုကတည်းကအားနည်းနေတဲ့ခန္ဓာကိုယ်ကြောင့် မြေပြင်ပေါ်သို့ကျတော့မလိုဖြစ်သွားပေမယ့် အနားမှာရပ်နေတဲ့ ဝမ်ကျိုးချန်းက
ရီပေါကို ထိန်းပေးလိုက်တာမို့ မကျတော့ပေ။သူမက ဟောက်ရွမ်းရဲ့ ပခုံးကို နူးညံ့စွာကိုင်ထားပြီး အဆင်ပြေမပြေစစ်ဆေးပြီးမှ အခုမှကိုယ်ပြန်မတ်ပြီးရပ်နေတဲ့ ရီပေါရဲ့ပါးကိုရိုက်လိုက်လေသည်။
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်