အပိုင်း(16)

1.3K 138 0
                                    

Uni

အနီရောင်ကျောက်တံခါးကိုဖွင့်လိုက်သည်နဲ့မြင်လိုက်ရတာက အရောင်ဖျော့ဖျော့လင်းနေသောအခန်းအတွင်း လေထဲမှာချိတ်ဆွဲထားတဲ့ ပန်းချီကားငယ်များစွာဖြစ်သည်။လူသွားလမ်းတစ်လျှောက် ချိတ်ဆွဲထားတဲ့ ပန်းချီကားပေါင်းများစွာကို ကြည့်ရင်း အားလုံးမင်သက်နေကြလေသည်။ဆံပင်ရွေရောင်နဲ့ကောင်လေးတစ်ယောက်ရဲ့ ပြုံးနေပုံ၊ကျောခိုင်းပြီးရပ်နေပုံ၊ရွေရောင်ဆံနွယ်နဲ့ကောင်လေးအပြင် ထိုကောင်လေးထက်အသက်နည်းနည်းကြီးတဲ့လူရွယ်တစ်ယောက်တို့ အတူတူထိုင်နေပုံ၊လက်တွဲပြီး လမ်းလျှောက်နေပုံ၊လူရွယ်ရဲ့ပေါင်ပေါ်မှာ ကောင်လေးကအိပ်နေပုံ ကျီစယ်နေကြပုံ၊လူရွယ်က ကောင်လေးကို တံတားပေါ်မှာကုန်းပိုးထားတဲ့ပုံ၊လရောင်အောက်မှာ အချင်းချင်းနမ်းရှိုက်နေကြပုံ၊တွေအပြင် ကုတင်ပေါ်မှာဆေးပိုက်တန်းလန်းနဲ့အိပ်နေသောကောင်လေးနံဘေးမှာ တိတ်တဆိတ်ငိုကြွေးနေသောလူရွယ်ရဲ့ပုံ၊ကလေးငယ်တစ်ယောက်ကိုခါးကိုင်းကာ ခေါင်းလေးပွတ်ပေးနေတဲ့ လူရွယ်လေးရဲ့ပုံ မြောက်များစွာတဲ့ ပန်းချီကားငယ်လေးတွေကို လေထဲမှာ ကြိုးစလေးများဖြင့်ချိတ်ဆွဲထားလေသည်။ရီပေါကတော့ သူ့ငယ်ပုံရိပ်ပါတဲ့ ပန်းချီကားလေးကိုစိုက်ကြည့်နေမိသည်။

တန်ပါတယ် အနည်းဆုံးတော့ သူ့မွေးစားဖခင်ရဲ့စိတ်ထဲမှာ သူ့အတွက်နေရာလေးတစ်ခုရှိသေးတာပေါ့

" အဟက် "

မသဲကွဲတဲ့ခံစားချက်တွေနဲ့ရီပေါတစ်ယောက် ရယ်လိုက်ပြီး ပန်းချီကားတွေကိုစူးစမ်းနေကြတဲ့လူတွေကိုကြည့်ကာ

" နောက်မှ ကြည့်ကြ ခေါင်းတလားရှိတဲ့နေရာထိဆက်သွားကြရအောင် "

ရှောင်းကျန့် တစ်ချိန်လုံးရီပေါကိုစောင့်ကြည့်နေမိလေသည်။

' ဒီကောင်လေး ဘာကြောင့်များစိတ်ရှုပ်ထွေးနေပါ့လိမ့် ´

ထိုအတွေးက ရှောင်းကျန့်ရဲ့စိတ်ထဲမှာနေရာအပြည့်အဝယူထားလေသည်။ရီပေါနံဘေးမှကပ်လိုက်ရင်း မြောက်များစွာသော ပန်းချီကားတွေကိုဖြတ်ကျော်လာလိုက်လေသည်။

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင် Where stories live. Discover now