အပိုင်း (10)

1.4K 144 2
                                    


Uni

ရီပေါစိုက်ကြည့်နေတဲ့နေရာကိုကြည့်လိုက်တော့.....ဖြူဖွေးဖွေးကြွက်လေးတစ်ကောင်ကိုတွေ့လိုက်ရလေသည်။ကြောက်လန့်တကြားနဲ့ ဓားအိမ်မှဓားထုတ်ကာ ခုတ်လွဲရန်ကြံနေကြသောလူများအားလုံး ကြောင်အသွားတော့သည်။ ကြွက်လေးကတော့ သူတို့အုပ်စုကိုကြည့်ကာ တကျွိကျွိ အော်မြည်နေတော့သည်။အခုမှအမောပြေကာစဘဲ့ရှိသေးတဲ့ ဟောက်ရွမ်းက ရီပေါကိုကြည့်ကာ

" အစ်ကိုကိုး ခမျာပြန်ရူးသွားတာလားဗျာ ဒီကြွက်ဖြူလေးတစ်ကောင်ကိုတွေ့တာများ မြွေတွေ့တာကြလို့ "

ဒေါသတကြီးအော်ဟစ်လိုက်လေသည်။ရီပေါက သူ့အပြောကို ဂရုမစိုက်ဘဲနဲ့ ကျန်တဲ့လူတွေဘက်လှည့်ကာ

" မြေပုံထဲက မှတ်ချက်ကိုမှတ်မိကြလား ဆာလောင်နေတဲ့အနီရောင်မျက်ဝန်း တွေကိုသတိထားပါဆိုတဲ့ စာကြောင်းလေ မင်းတို့ ဒီကြွက်ဖြူရဲ့မျက်ဝန်းကိုကြည့်လိုက် အနီရောင်သန်းနေတယ် ဒါအပြင် ခုနတုန်းက မင်းသားတစ်ဆယ်အော်ပြောလိုက်တာတောင် ကြောက်လန့်ပြီးမပြေးတဲ့အပြင် ကျတော်တို့ကိုတောင် စိုက်ကြည့်နေသေးတာ "

သူ့အပြောကြောင့် အားလုံးက ကြွက်ဖြူလေးကိုကြည့်လိုက်တဲ့အခါ အနီရောင်သန်းနေတဲ့ မျက်ဝန်းများကိုတွေ့လိုက်ရလေသည်။ထိုအခါ စုန်လန်ကလည်း

" ကြွက်ဆိုတဲ့အမျိုးက အုပ်စုလိုက်နေကြတာ အခုလိုမျိုးတစ်ကောင်ထဲမဖြစ်နိုင်ဘူး သူ့မှာအပေါင်းအပါတွေရှိနေနိုင်တယ်"

ရှင်းဟွာကလည်း

" ကြွက်တွေ ရာချီကြီးရုတ်တရက်ရောက်လာရင် ရှင်းဖို့လွယ်မှာမဟုတ်ဘူး အဖေတစ်ခါပြောဖူးတယ် ကြွက်အုပ်စုကြီးတစ်စုက လူဆယ်ယောက်ကို တစ်မိနစ်မပြည့်ခင်မှာ စားသွားတာ အရိုးတောင်မကျန်ဘူးတဲ့ "

ရှီ့လွေ့က

" ဒါဆို ငါတို့အမြန်ထွက်ကြတာပေါ့ "

အားလုံးက အိတ်တွေကိုပြန်သယ်လိုက်ပြီး ထိုနေရာမှစထွက်ဖို့ပြင်လေသည်။မထွက်သွားခင် ရီပေါက သူတို့ကိုကြည့်နေတဲ့ ကြွက်ဖြူလေးအား သူ့ခါးမှာချိတ်ဆွဲထားတဲ့ ဓားဖြင့်ခုတ်ဖြတ်လိုက်ပြီးမှ ထိုနေရာမှ ထွက်ခွာလေသည်။မရပ်မနားဖြင့် ခရီးဆက်လာရာ နေမဝင်ခင်မှာဘဲ့ တောအုပ်ရဲ့အလယ်ကိုရောက်တော့သည်။သူတို့လည်း စခန်းချရန်အတွက် လူခွဲပြီး အနီးအနားတစ်ဝိုက်မှာ ရှာနေကြတုန်း ကျင့်ဟိုင်က

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင် Where stories live. Discover now