Uni
" ဟေ့ မင်းတို့ဟိုကိစ္စကိုကြားကြပြီးပြီလား "
" ဘာကိစ္စလဲ ဪ မင်းသားကိုးအကြောင်းလား ကြားသားဘဲ့ မင်းသားကိုးကမထင်ရဘူးကွာ တော်သေးတာပေါ့ ငါ့သမီးနဲ့လက်ဆက်ဖို့အတွက်မတွေးခဲ့မိလို့ "
" အဲအကြောင်းမဟုတ်ဘူးကွ အင်ပါယာရဲ့ထီးနန်းကို မျိုးဆက်မွေးပေးတဲ့သူကဘဲ့ ဆက်ခံရမယ့်အကြောင်းလေကွာ "
ငြိမ်ပြီးနားထောင်နေတဲ့ တတိယမြောက်လူကလည်း
" ကြားပါ့ဗျာ အဲလိုသာဆိုရင် မင်းသားကိုးက မပါတာသေချာသပါ့ဗျာ "
" ဟုတ်လိုက်လေ မိန်းမယူလို့မရတဲ့သူက ဘယ်လိုထီးနန်းဆက်ခံရမတုန်းတဲ့ "
ညီလာခံအတွင်း ဘုရင်မင်းမြတ်မရောက်သေး၍ အမတ်များစကားများနေကြတဲ့ အကြောင်းရာများကြောင့် ရှီ့လွေ့က မကျေနပ်ပေမယ့် မင်းသားသုံးကတော့ ကြိတ်ဝမ်းသာနေတော့သည်။မကြာပါ ရိုဟန်နဲ့ကျန်တဲ့ အရွယ်ရောက်ပြီးသား မင်းညီမင်းသားများက ညီလာခံတက်ဖို့ရောက်လာတော့သည်။
ရှည်လျားလွန်းတဲ့နိုင်ငံရေးပြဿနာများကို တင်ပြနေတဲ့ အမတ်တွေကြောင့် ရီပေါတစ်ယောက် မတ်တပ်ရပ်လျက်နဲ့အိပ်မက်ကောင်းနေတော့သည်။ထိုစဉ် စုန်အင်ပါယာက သံတမန်များက ရောက်ရှိနေကြောင်း သတင်းပို့ချက်ကြောင့် ရိုဟန်က အမြန်ခေါ်သွင်းလိုက်လေသည်။စုန်ကျိယန် ကအထဲရောက်လာသည်နှင့်
" မင်းကြီးခဗျာ ကျတော်တို့ဒီကိုရောက်နေတာကလည်း အချိန်ကြာနေပြီမို့ တစ်ဘက်ခါပြန်ဖို့ အတွက် လာရောက်ပြောကြားတာပါ "
" ဘယ်လို စုန်မင်းသားတို့ကပြန်တော့မလို့လား ကဲ့ပါလေ တိုင်းရေးပြည်ရာကလည်း ရှိသေးသကို "
" ဟုတ်ပါတယ် "
" စုန်မင်းသားတို့လည်း ကြားသိမှာပါ ကိုယ်ေတာ်တို့ အင်ပါယာကိုလာတဲ့ ဘယ်ငြိမ်းချမ်းရေးသံတမန်ကိုမဆို ပြန်ရင် ကိုယ်ေတာ် တို့ဘက်က လက်ဆောင်တစ်ခုပေးနေကြမလား ဒါကြောင့် စုန်သံတမန်တို့ လိုချင်တဲ့ ဆုတစ်ခုကိုတောင်းစေဗျာ "
ရိုဟန်ဆီက ထိုစကားကိုထွက်လာစေချင်နေတဲ့ စုန်ကျိယန်က
" ဖြစ်နိုင်ရင် ကျတော် မင်းကြီးရဲ့ကလေးတွေထဲက တစ်ယောက်ကို ကျုပ်ရဲ့ကြင်ယာတော်အဖြစ်လက်ထပ်စေပြီး ကျုပ်ထီးနန်းရတဲ့အခါ ဧကရီအဖြစ်တင်မြောက်ချင်ပါတယ် ဒါကြောင့်ခွင့်ပြုပေးပါ အရှင်မင်းကြီး "
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်