အပိုင်း 32

1K 102 11
                                    

Uni

ရှောင်းကျန့်တို့ အပြစ်ခံယူဆောင်အရှေ့ကိုရောက်တော့ တစ်ကိုယ်လုံး သွေးစွန်းနေတဲ့ ရီပေါကို မြင်လိုက်ရလေသည်။ လက်ထဲတွင်လည်း သွေးတစ်တောက်တောက်ကျနေသော ဓားကို ကိုင်ထားလေသည်။ ရီပေါနှင့်မနီးမဝေး‌တွင် ခေါင်းတစ်ခြားကိုယ်တစ်ခြားဖြစ်နေတဲ့‌အလောင်းအချို့နဲ့ ထိတ်လန့်နေတဲ့ ရှောင်းဝေ လည်းရှိနေလေသည်။ ရှင်းချန်နဲ့ စုန်လန် တို့ကတော့ လူတစ်ယောက်ကို ဖမ်းချုပ်‌ထားလေသည်။

" ရီလေး "

ရှောင်းကျန့်က စိတ်ပူစွာ အော်ပြီး အနားကိုသွားဖို့လုပ်တော့ ရီပေါက

" မလာခဲ့နဲ့‌ ကျန့်ကော ဒီသွေးတွေက ကျတော့်သွေးမဟုတ်ဘူး အခု ဒီနေရာကလည်း မသန့်ဘူး "

ရီပေါ စကားကို မနာခံဘဲ့ ရှောင်းကျန့်က ရှေ့တိုးဖို့လုပ်နေတော့ ရီပေါရဲ့အချက်ပြမှုကြောင့် မျက်နှာဖုံးနဲ့လူအချို့က ထွက်ပေါ်လာပြီး ရှောင်းကျန့်ကိုတားမြစ်လိုက်လေသည်။ ရီပေါက အသက်ရှင်နေသေးတဲ့ လူအရှေ့သွားကာ ထိုလူအား အပြုံးတစ်ခုပေးရင်း

" ဘယ်သူလွတ်လိုက်တာလဲ "

စုန်လန်တို့လက်ထဲဖမ်းချုပ်ခံထားရတဲ့ လူက ရီပေါကို အံ့ဩတစ်ကြီးဖြင့်ကြည့်ရင်း

" မဖြစ်နိုင်တာ မင်း မင်းက ပျော့ညံ့တဲ့လူတစ်ယောက်လို့ သူ သူတို့ပြောတာ "

ရီပေါက မျက်မှောင်ကြုပ်ရင်း

" လျှာရှည်လွန်းတယ် မင်းစာရေးတတ်တယ်မလား "

ထိုလုပ်ကြံသူလည်း အယောင်ယောင်အမှားမှားဖြင့် ခေါင်းငြိမ့်ပြလိုက်တော့ ရီပေါက

" စာရေးတဲ့လက်ကလွဲပြီး ကျန်တဲ့အရာတွေဖြတ်လိုက် "

ရီပေါက သူ့လက်ထဲက ဓားကို ရှင်းချန်ကိုပေးလိုက်ရင်း လုပ်ကြံသူကို ပြန်ကြည့်ကာ

" မင်း မပြောဘဲအသေခံလည်း ကိစ္စမရှိဘူး နောက်ကွယ်က လူကို ငါသိပြီးသား အခုမင်းကိုအပြစ်ပေးတာက ငါ့လူပိုင်တဲ့နယ်မြေမှာ ငါ့ကို လူသတ်ခိုင်းလို့ "

လူသတ်ငွေ့တွေ အလွန်အမင်းဖြာထွက်လာတဲ့ ရီပေါကြောင့် မျက်နှာဖုံးနဲ့လူတွေက သက်ပြင်းတွေ တိတ်တိတ်လေးခိုးချနေတော့သည်။ ရှင်းချန်က

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင် Where stories live. Discover now