Uniမင်းသားသုံးအဆောင်တွင်ဖြစ်သည်။
" အစ်ကိုသုံး ဘာလို့ဦးရီးတော်က အဲ့ဒီအရူးမင်းသားကိုအမြဲမျက်နှာသာပေးနေလဲမသိဘူး ပြီးတော့ ဒီကောင်ကရူးနေတယ်သာပြောတာ ကံကတော့ကောင်းချက် ကျတော်တို့လပေါင်းများစွာတွေ့ချင်နေတဲ့လူနဲ့သူကသူငယ်ချင်းဖြစ်နေရတယ်လို့ကွာ "
ဝမ်ဖုန်းလင်း ကရေနွေးခွက်ကိုကိုင်ပြီး သူ့အစ်ကို ကိုပြောလိုက်တော့ မင်းချောင်ရဲ့မျက်နှာကဘာအရိပ်အယောင်လည်းမပြပေမယ့် လက်ကသွေးကြောတွေကတော့ထောင်တက်နေလေသည်။ဒါကလည်းခဏမျှသာ။ လက်ထဲကရေနွေးခွက်ကိုငြင်သာစွာ ချလိုက်ပြီး သူ့ညီဖြစ်သူကိုကြည့်ကာ
" အခုချိန်မှာ ဝမ်ရီပေါက အရင်လိုအရူးတစ်ယောက်လိုမဟုတ်တော့ဘူး စဉ်းစားဉာဏ်ရှိနေတဲ့လူတစ်ယောက်လိုဖြစ်နေပြီ မင်းသူ့ကိုအရင်လိုသွားမရှုပ်နဲ့တော့ "
" ဒါပေမယ့် "
" ခွေးတောင်မှ ချောင်ပိတ်ခံရရင်ပြန်ကိုက်တတ်တယ် မင်းသူ့ကိုသွားမရှုပ်နဲ့ "
ဖုန်းလင်းက မကျေမနပ်ဖြင့်
" ကောင်းပါပြီ အစ်ကိုသုံး "
မင်းချောင်က သူ့လက်ထဲက ခွက်လေးကိုလှည့်ကစားရင်း
" ဒီကောင်လေး ပုလ္လင်ကိုမမက်မောလာခင် ငါ့ဘက်ကလူဖြစ်အောင် ပြုလုပ်ရမယ် ဖုန်းလင်း မင်း ရီပေါအကြောင်းသေချာစုံစမ်းထား ငါ့တို့သူ့ကို ပိုင်ရင် အပုန်းကောင်းတဲ့ရှဲ့ယွင် ကိုပါတွေ့နိုင်တယ် "
ဖုန်းလင်းက မင်းချောင်ရဲ့စကားကိုကြာတော့ လူယုတ်မာအပြုံးမျိုးပြုံးလိုက်ကာ
" ကျတော်တာဝန်ထားပါ အစ်ကိုသုံး "
ရီပေါကိုသူ့တို့ဘက်ပါအောင် အကြီးအကျယ်ဆွေးနွေးနေကြစဉ် ကာယကံရှင်အမောင်ရီပေါကတော့ သူတို့ပြောသမျှကို ခေါင်မိုးပေါ်မှာထိုင်ပြီးမုန့်တစ်ထုတ်ဖောက်စားရင်းနားထောင်နေလေသည်။အချိန်အတော်ကြာတော့ သူ့လက်ကမုန့်ကုန်သွားလေသည်။မုန့်ကုန်သွားတာနဲ့ ရီပေါလည်းလက်သုတ်ပြီး မင်းသားသုံးအဆောင်မှတိတ်တဆိတ်ထွက်ခွာသွားလေသည်။
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်