Uniလူသတ်ငွေ့တွေဖြာထွက်နေတဲ့ ရီပေါကိုကြည့်ကာ ရှောင်းကျန့်စိတ်ထဲ၌
' တကယ်ဘဲ့ မင်းကဘယ်လိုကောင်လေးလဲ ရီပေါ ´
သူ့ကို ရှောင်းကျန့်ကြည့်နေတာမြင်တော့ ရီပေါကသူ့ထုတ်လွှတ်နေတဲ့ဖိအားများကိုရုတ်သိမ်းလိုက်လေသည်။နတ်နန်းသခင်လေးက သူ့ကိုထိတ်လန့်တာမျိုးမဖြစ်စေချင်ဘူးလေ။
မင်းချောင်အပါအဝင်ကျန်တဲ့လူတွေက ရီပေါအားအံ့သြစွာကြည့်နေကြလေသည်။လူသတ်ငွေ့တွေအဆက်မပြတ်ထုတ်လွတ်နေတဲ့ဒီကောင်လေးက အခုတော့သူမဟုတ်တဲ့အတိုင်း ငြိမ်ငြိမ်လေးရပ်နေပြီး အရိုးစုဖြစ်နေတဲ့ မိစ္ဆာကိုငုပ်ကြည့်နေလေသည်။ရှင်းဟွာက
" မင်းသားကိုးလား "
ရီပေါက သူ့တို့ကိုမော့ကြည့်လိုက်ပြီး
" ဟုတ်ပါတယ် မမရှင်းဟွာ ပြန်လာထိုင်ကြတော့လေ ဒီကောင်ကြီးလည်း သေသွားပြီဘဲ့ကို "
အရိုးစုကိုကန်ကာပြောလိုက်ပြီး မီးပုံအနားမှာသွားထိုင်နေလိုက်သည်။တစ်ယောက်မှရှေ့မတိုးကြတာမို့ ရှောင်းကျန့်ကဘဲ့ ရီပေါအနားသွားထိုင်ကာ ရီပေါကိုစေ့စေ့ကြည့်ပြီး
" မင်းက တကယ်ရီလေးဘဲ့လား "
ရီပေါက ခေါင်းငြိမ့်လိုက်ပြီး
" ဟုတ်ပါတယ် ကျတော်ရီလေးပါ ကျန့်ကော "
ထိုအခါမှ ကျန်တဲ့လူတွေလည်း မီးပုံအနားမှာပြန်လာထိုင်ကြပြီး ရီပေါကိုစူးစမ်းနေကြလေသည်။သူ့ကိုစိုက်ကြည့်နေကြတဲ့ လူအုပ်ကို ရီပေါကလျစ်လျူရှုလိုက်ပြီး အနီးနားမှာ သူခုနကသတ်ထားတဲ့ မိစ္ဆာရဲ့အရိုးတစ်ခုကိုယူကာ မီးပုံကိုထိုးစွကစားနေလိုက်လေသည်။အချိန်အတော်ကြာတော့ ဟောက်ရွမ်းကမနေနိုင်တော့ဘဲ
" အစ်ကိုးကိုးက ဘယ်လိုဖြစ်ပြီး မိစ္ဆာဖြစ်သွားရတာလဲ "
ကျန်တဲ့လူတွေကလည်း သိချင်နေကြလေသည်။ရီပေါက
" ညနေတုန်းက စခန်းချဖို့တဲထိုးနေကြတုန်း ကျတော်က အနီးအနားပတ်ဝန်းကျင်ကိုစူးစမ်းနေခဲ့တာ ရေတံခွန်အနောက်မှာ ဂူတစ်ခုတွေ့လို့ အထဲဝင်ပြီး ခဏလောက်ပတ်ကြည့်နေရင်း အပြင်ဘက်မှာမှောင်လာပြီမို့ တဲဆီကိုလာဖို့လုပ်ပေမယ့် တဲနံဘေးမှာထိုင်နေတဲ့ ကျတော်နဲ့ပုံစံတူလူတစ်ယောက်ကိုမြင်လိုက်တော့ ကျတော်လည်း တိတ်တိတ်လေးစောင့်ကြည့်နေခဲ့တာ ခုနက အခွင့်အရေးရတာနဲ့ အလစ်ဝင်တိုက်လိုက်တာ "
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်