Part 12

89 9 0
                                    

(Unicode)

*တင်*

ဓာတ်လှေကားက basementကို‌ ရောက်ပြီဖြစ်သောကြောင့် သိမ့်ကနဲ ရပ်တန့်သွားလေသည်။ ခြွေခ အပြင်သို့ ထွက်ရန် အဆင်သင့်ပြင်လိုက်သည်။ ဓာတ်လှေကားကို ပိတ်ထားသော တံခါးနှစ်ချပ်က အလယ်ကနေ ကွဲထွက်ပြီး ဘေးတစ်ဖက်တစ်ချက်ဆီသို့ အလိုလိုကပ်သွားကာ ပွင့်ပွင့်ချင်း မြင်လိုက်ရသူက အပြင်သို့ ထွက်လှမ်းတော့မည့် ခြွေခရဲ့ ခြေလှမ်းများကို တစ်မုဟုတ်ချင်း ရပ်တန့်သွားစေသည်။

မျက်နှာရူး အလုပ်လုပ်နေသည့် ဆေးရုံကိုလာတာ မျက်နှာရူးနှင့် တစ်နည်းမဟုတ်တစ်နည်း တွေ့နိုင်တာဟုတ်မှန်ပေမယ့် မတွေ့ပါစေနဲ့ ဆုတောင်းပြီး ခြွေခ လာခဲ့ခြင်းဖြစ်သည်။ သို့သော် ခြွေခ ဆုတောင်းကို ကံကြမ္မာက မဖြည့်ပေးချင်ဘူးထင်၏။ အပြန်လမ်းမှာမှ ယခုကဲ့သို့ လာဆုံတွေ့နေသည်။

“ဟာကွာ”

“ဘာကို ဟာကွာတာလဲ၊ ဒီအတိုင်းကြီးပဲ ရပ်နေတော့မှာလား၊ ဓာတ်လှေကားထဲကနေ အပြင်ကို မထွက်တော့ဘူးလား”

မိုးခန့်ညားပြောမှသာ ခြွေခ အပြင်သို့ မရောက်သေးမှန်း သိတော့သည်။ ဓာတ်လှေကားသုံးရန် ရပ်စောင့်နေသည့်သူက မိုးခန့်ညားတစ်ယောက်သာ ရှိလို့တော်သေးသည်။ မဟုတ်ဘဲ အခြားသူတွေသာ ရှိနေပါက ခြွေခမှာ အားနာလိုက်ရမည့် ဖြစ်ခြင်း။

“မင်း အပေါ်သွားမှာမလား၊ သွားလို့ရပြီ”

“မသွားပါဘူး၊ ငါမင်းနဲ့ စကားပြောချင်သေးတယ်၊ လာ လာ လာ၊ ငါတို့  ပန်းခြံထဲ သွားရ‌အောင်”

ခြွေခငြင်းမှာစိုးရိမ်၍ မိုးခန့်ညား ခြွေခရဲ့ လက်ကောက်ဝတ်တစ်ဖက်ကို ဆွဲပြီး ဆေးရုံပန်းခြံဘက်သို့ ထွက်လာလိုက်သည်။ ဖြစ်ချင်တော့ ဆေးရုံအဆောက်အဦးထဲက မထွက်မီ ကန်တင်းက‌နေ ပြန်လာသော နွေးနွေးတို့သုံး‌ယောက်နှင့် လမ်း၌ တည့်တည့် တိုးလေတော့သည်။

“ဆရာမိုး ဘယ်လဲ”

“ဒီနား ခဏ”

နွေးနွေးက မထင်မှတ်ဘဲ ခြွေခကို မှတ်မိသွားမှာ ကြောက်ရွံ့မိတာကြောင့် ဆွဲထားသော ခြွေခရဲ့လက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ခြေလှမ်းများကို ယခင်ထက် ပိုမြန်လိုက်တော့သည်။ ဦးထုပ်ဆောင်းထားပြီး မျက်မှန်လည်းတပ်ထားကာ မက်စ်ပါတပ်ထားသည့် မည်သူမှန်းမသိရသော လူတစ်ယောက်ကို လက်ဆွဲ၍ ဆေးရုံထဲကနေ ဖုတ်ပူမီးတိုက် ထွက်သွားသော မိုးခန့်ညားကို နွေးနွေးတို့တွေ အတိနားမလည်သော ပဟေဠိမျက်ဝန်းများဖြင့် ကြည့်ရင်း ကျန်ခဲ့ကြလေသည်။ ခြွေခတစ်ယောက်ကတော့ မိုးခန့်ညားရဲ့ အနောက်သို့ သနားစဖွယ် ပါသွားရှာသည်။

Parallel Season 2(Completed)Where stories live. Discover now