Part 18

66 7 0
                                    

(Unicode)

“ကျွန်တော့်ရဲ့ အသက်လေးတွေ အားလုံးပဲ မင်္ဂလာပါဗျ၊ အားလုံး အဆင်ပြေကြတယ်မလား၊ အဆင်ပြေမယ်လို့လည်း မျှော်လင့်ပါတယ်၊ ကျွန်တော် ဒီနေ့ ဒီvideoကို တင်တာကတော့ အရေးကြီးတဲ့အကြောင်းအရာတစ်ခုကို မင်းလေးတို့ကို အသိပေးချင်တာကြောင့်ပါ၊ လာမယ့် ၆လပိုင်းတစ်ရက်နေ့ဆို အားလုံးသိတဲ့အတိုင်း ကျွန်‌တော့်ရဲ့ အနုပညာသက်တမ်း ၅နှစ်ပြည့်ပါပြီ၊ အမှန်ဆို အဲ့ဒီနေ့မှာ ကျွန်တော်နဲ့ကျွန်တော့်အသက်လေးတွေ အတူတူဖြတ်သန်းပြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြရမှာနော်၊ ဒါပေမဲ့ ရုတ်တရက်ကြီး ကျွန်တော့်ဘက်ကနေ concertကိုဖျက်လိုက်တယ်လို့ ကြေညာလိုက်တဲ့အတွက် မင်းလေးတို့မှာ မေးခွန်းတွေအများကြီး ရှိနေကြမယ်ဆိုတာလည်း ကျွန်တော်သိပါတယ်”

“ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် အကြောင်းကတော့ ကျွန်တော် အနုပညာလောကကနေ နှုတ်ထွက်တော့မှာမို့လို့ပါ၊ နောက်ထပ် ဘယ်တော့မှလည်း အနုပညာလှုပ်ရှားမှုတွေကို လုပ်တော့မှာ မဟုတ်ပါဘူး၊ ဒီအတောအတွင်းမှာ ကျွန်တော်နဲ့ ၅နှစ်ကြီးများတောင် အတူတူရှိပေးခဲ့ပြီး ကျွန်တော့်ကို ဘယ်လိုအကြောင်းကြောင်းနဲ့မှ စွန့်ခွာမသွားခဲ့တဲ့ မင်းလေးတို့ကို ကျေးဇူးအများကြီးတင်ပါတယ်၊ မင်းလေးတို့နဲ့ အတူရှိခဲ့တဲ့ အခိုက်အတန့်တွေမှာ ကျွန်တော် တကယ်ပဲ ပျော်ရွှင်ခဲ့ရတယ်ဆိုတာတော့ ယုံတယ်မလား၊ အဲ့အချိန်တွေက ကျွန်တော့်အတွက် အဖိုးအတန်ဆုံးအချိန်တွေဆိုလည်း မမှားပါဘူး၊ အကယ်၍ ကျွန်တော့်ဘက်က မင်းလေးတို့အပေါ်မှာ အမှားတွေ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ လုပ်ခဲ့မိရင်လည်း ကျွန်တော့်ရဲ့ မရင့်ကျက်မှုသာဖြစ်တာကြောင့် ခွင့်လွှတ်ပေးကြပါဗျာ၊ အရာရာအတိုင်းအတွက် ကျေးဇူးအများကြီးတင်ရပါတယ် ကျွန်တော့်အသက်လေးတွေ”

ခြွေခတင်လိုက်သော videoကြောင့် ခြွေခ၏ ပရိတ်သတ်များစွာသည် ပြောမပြတတ်အောင် နှမြောမှုနှင့် ဝမ်းနည်းမှုတို့ကို ခံစားနေကြရသည်။ ကိုယ်နှစ်သက်ရသော အနုပညာရှင်၊ ကိုယ်မြတ်နိုးရသော အနုပညာရှင်၊ ကိုယ်တန်ဖိုးထားရပြီး သူ့ရဲ့အလုပ်ကြိုးစားမှုတွေကို အားကျကာ လေးစားရသော အနုပညာရှင်၊ ကိုယ့်အပေါ်ကို ဂရုတစိုက်ရှိကာ အလေးပေးတတ်သည့် အနုပညာရှင်တစ်ယောက်က ဤသို့ ကြေညာချက်ထုတ်လာသည်ကို ခံနိုင်ရည်မရှိနိုင်ကြသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သည့် အနေအထားတစ်ရပ်သာဖြစ်သည်။

Parallel Season 2(Completed)Donde viven las historias. Descúbrelo ahora