Part 17

62 7 0
                                    

(Unicode)

နွေလကို အိပ်ယာနှိုးရန် နွေလအခန်းဆီသို့ ခြွေခထွက်သွားလိုက်သည်။ ‌နွေလက ပုံမှန်ဆို နှိုးစက်အသံမြည်တာနှင့် ထတတ်သည့် ကလေးဖြစ်သည်။ ခြွေခထက်တောင် အိပ်ယာထစောသေး၏။

မိဘတွေကလည်း မနှိုးရသလို မည်သည့်အိမ်အကူကမှလည်း သွားမနှိုးရပါ။ အခုတော့ အရင်ကနှင့် ကွဲပြားခြားနားစွာပင် နွေလသည် ခြွေခ သွားနှိုးပေးမှသာ ထထတ်တော့သည်။ ဒါတောင်မှ ခြွေခ အတော်လေးကို စိတ်ရှည်လက်ရှည်နှင့် ချော့မော့ပြီး ပြောဆိုကာ နှိုးမှထခြင်း။

မိဘတွေရဲ့ အိမ်ကိုတော့ ဒီအတိုင်း အလွတ်ကြီးသာ ထားခဲ့ပြီး အိမ်အကူတွေအားလုံးကို ၃လစာရှင်းပေးကာ အလုပ်ထုတ်လိုက်ရသည်။ အမှန်ဆို ခြွေခ ထိုသို့မလုပ်ချင်ပါ။ နှစ်အတော်ကြာအောင် အိမ်မှာ နေလာတာကြာပြီဖြစ်သည့် အိမ်အကူတွေအတွက် ဒီအိမ်ကနေ သူတို့ထွက်သွားရင် ဘယ်လိုလုပ်ကိုင်စားကြမလဲဆိုကာ ခြွေခ တွေ‌ဝေမိသေးသည်။ သူတို့လည်း သူတို့နည်းသူတို့ဟန်နဲ့ အဆင်ပြေအောင် နေကြမှာပါလေဟု ပြန်လည် ဖြေသိမ့်မှသာ အနည်းငယ်စိတ်ပေါ့သွားခဲ့ရသည်။

အခန်းတံခါးကို တွန်းဖွင့်ပြီး ခြွေခ ဝင်သွားသည်။ အခန်းထဲမှာ နွေလက နှစ်ခြိုက်စွာ အိပ်မောကျနေဆဲဖြစ်သည်။ အိပ်ယာထသင့်သည့်အချိန်ကို အတော်ကျော်လွန်နေပြီဖြစ်တာကြောင့် နွေလအိပ်ပျော်နေတာကို မနှောင့်ယှက်ချင်ပေမယ့် နှောင့်ယှက်ရတော့မည်။

နွေလက တခြားလူတစ်ယောက်ရဲ့ ဝိညာဥ်ဝင်ပူးနေသကဲ့သို့ ယခင်က နွေလနှင့် လုံးဝမတူတော့ချေ။ အပြုအမူတွေက မလှုပ်တလှုပ်ဖြစ်လာသည်။ တစ်ခါတလေမှာ ထိုင်းမှိုင်းစွာ ထိုင်နေတတ်ပြီး ငေးငေးငိုင်ငိုင်လည်းဖြစ်တတ်သေးသည်။ နွေလ ထိုသို့ဖြစ်သည့်အချိန်ကို မြင်တိုင်း  ခြွေခ သက်ပြင်းတွေ အလီလီချရသည်။

မိသားစုဝင်တွေနှင့် စကားပြောလျှင် သူ့ကိုယ်သူ'သား... သား' ဟုသုံးနှုန်းပြီး သွက်လက်စွာ နေတတ်သည့် ကလေးက အခုလို ဖြစ်သွားတာ ခြွေခ ယူကြုံးမရပါ။ သတိရလာလာချင်း မိဘတွေတိမ်းပါးသွားရသည့် သတင်းကို ကြားလိုက်ရတာ သူဘယ်‌လောက်တောင် စိတ်ထိခိုက်သွားသည်မသိ စကားမပြောနိုင်တော့သည်အထိ ဖြစ်သွားရှာသည်။

Parallel Season 2(Completed)Where stories live. Discover now