(Unicode)
လှပလွန်းနေပြီး လေပြည်ညင်းများ စိုးစံတိုက်ခတ်နေရာ မြစ်ကမ်းနံဘေး၌ မိသားစုတစ်စုက ပျော်ရွှင်စွာ ဆော့ကစားနေလေသည်။ ပျော်ပွဲစားထွက်လာကြပုံရသည့် သူတို့သည် သစ်လွင်တောက်ပသော အဝတ်အစားများကို နွေဦးရာသီနှင့် လိုက်ဖက်အောင် ဝတ်ဆင်ထားကြသည်။ မြက်ခင်းပြင်ပေါ်၌ အနီနှင့်အဖြူနှစ်ရောင်ပါ ကွက်စိတ်အခင်းလေးကို ချခင်းထား၍ ထိုအခင်းလေးပေါ်တွင် မိသားစုတွေ စုရုံးထိုင်ကာ အိမ်ကနေထည့်လာကြသည့် အစားအသောက်များကို စားသုံးနေကြလေသည်။
ပျော်ပွဲစားနှင့် လိုက်ဖက်အောင် အိမ်ရှင်မက တာဝန်ယူကာ စီစဥ်လာသော အစားအသောက်တွေကား စုံလင်လှပါဘိ။ စားချင်စဖွယ် ထမင်းလိပ်များ၊ အဝါရောင် ကြက်ဥလိပ်များ၊ Sandwichများ၊ သစ်သီးများနှင့် တခြားစားဖွယ်များအပြင် အအီပြေသောက်နိုင်ရန် ဖျော်ရည်ပုလင်းကလည်း ပါလာသေး၏။
“ပါပါး ပါပါး သားနဲ့ ဘောလုံးကန်မယ်”
“ဟုတ်ပြီကွာ၊ ငါ့သားကြီးက ဆော့ချင်တယ်ဆိုတော့လည်း ပါပါးက ဆော့ပေးရမှာပေါ့”
အသက်၁၂နှစ်သား ခြွေခသည် ဖခင်ဖြစ်သူကပါ သူနှင့် ဆော့ပေးမည်ဆိုတော့ ဝမ်းသာပျော်ရွှင်စွာဖြင့် ထိုင်နေရာကနေ ဇက်ကနဲ ထလိုက်ကာ ဘောလုံးကို ယူပြီး မနီးမဝေးတွင် စောင့်နေလေသည်။
“အခုမှ အစားစားပြီးတာ ဘယ်လောက်မှမကြာသေးဘူး၊ သားအဖတွေ အရမ်းမဆော့ကြနဲ့ဦးနော်”
“သိပါတယ်ကွ မိန်းမရ၊ ဖြည်းဖြည်းလေးပဲ ဆော့မှာ၊ သားငယ်လေးရေ အိုမားနဲ့ နေခဲ့ပြီး ပါပါးတို့ ဆော့နေတာကို ကြည့်နေ၊ သား ကြီးလာတဲ့အခါကျတော့ ပါပါးရယ် သားကိုကိုရယ် သားရယ် သုံးယောက်သား ဘောလုံးကန်ကြမယ်၊ ဟုတ်ပြီလား”
“ဟုတ်”
၂နှစ်အရွယ်နွေလက ဖခင်ဖြစ်သူပြောစကားကို နားထောင်စွာဖြင့် ထိုသို့ပြန်ပြောပြီးနောက် မိခင်ရဲ့ပေါင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလျက် အဖေနှင့်အစ်ကိုတို့ မည်သို့ဆော့ကစားကြမည်လဲ စိတ်ဝင်စားစွာဖြင့် ကြည့်ရှုနေတော့သည်။

BẠN ĐANG ĐỌC
Parallel Season 2(Completed)
Lãng mạnCover photo credit to the rightful owner. Disclaimer: အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန် (အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန်) Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။ Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။