(Unicode)
“ဘယ်လိုဖြစ်လို့ ဒီရုပ်ဖြစ်နေတာလဲ”
ခြွေခရဲ့ကားကို ဝင်တိုက်သော ကားပိုင်ရှင်သည်လည်း ကားပေါ်ကနေ ဆင်းလာပြီးနောက် ခြွေခကို ဦးစွာစကားပြောသည်။ ထို့နောက် ထိုသူက သူ့ကားကို မှီကာ လက်ပိုက်ပြီး ဒေါသထွက်နေသော ခြွေခ သူ့အနားသို့ ရောက်လာမည့်အချိန်ကို အေးအေးဆေးဆေး ရပ်စောင့်နေတော့သည်။
“ကျစ်”
ခြွေခ စိတ်ပျက်လက်ပျက်ဖြင့် စုတ်တစ်ချက်သပ်မိသွားသည်။ ဒီတစ်ယောက်နှင့် သူ့ရေစက်က ကုန်ကို မကုန်နိုင်တော့ဘူးလား။ ဆုံပဲဆုံနိုင်လွန်းသည်။ အဲ့ဒီရေစက်ဆိုသည့် အရာသာ မျက်စိနှင့်မြင်နိုင်သော ကြိုးတစ်ချောင်းသော်လည်းကောင်း တခြားအရာဝတ္ထုပစ္စည်းတစ်ခုခုသော်လည်းကောင်း ဖြစ်မည်ဆိုလျှင် ဓားမနှင့် တိကနဲနေအောင် အပိုင်းပိုင်းခုတ်ဖြတ်ပစ်သည်။ အခုတော့ ရေစက်ကို ရန်ရှာလို့မရသည့် ခြွေခ မိုးခန့်ညားကိုသာ ရန်ရှာရန် မိုးခန့်ညားရှိရာဆီသို့ လျှောက်လှမ်းသွားသည်။
“မိုးခန့်ညား”
ခြွေခ ဒေါသတကြီးဖြင့် မိုးခန့်ညား၏နာမည်အား ခေါ်ဆိုလိုက်တော့ မိုးခန့်ညားက မထင်မှတ်ထားတာကို ကြားလိုက်ရသကဲ့သို့ ဝမ်းပန်းတသာ ဖြစ်သွားလေသည်။ ခြွေခလည်း မိုခန့်ညား၏ ဖြစ်ပျက်သွားသော မျက်နှာအားကြည့်၍ နာမည်ခေါ်တာကို ထီပေါက်သလို ဝမ်းသာနေသော မိုးခန့်ညားအား မျက်နှာရူးဟု ထုံးစံအတိုင်း စိတ်ထဲမှာ ပယ်ပယ်နယ်နယ် ခေါ်လိုက်သည်။
“ခြွေခ မင်းက ဘယ်ဆိုးလို့လဲ၊ ငါ့ကို မှတ်မိရုံတင်မဟုတ်ဘဲ ငါ့နာမည်ကိုပါ မှတ်မိနေတယ်၊ မဟုတ်မှလွဲရော မင်းငါ့ကို ဒီနှစ်တွေအတွင်း သတိရနေတာမလား”
ဤသို့ ပေါက်ကရတွေ ပြောတတ်လွန်းသော မျက်နှာရူးနှင့် ခြွေခ ရေစက်မဆုံချင်တာ မလွန်လောက်ဘူးထင်၏။ မိုးခန့်ညားက ပေါင်းသင်းလို့အဆင်ပြေသည့် လူစားမျိုးဖြစ်သော်ငြား ခြွေခနှင့်တော့ မကိုက်ပါ။ သူက ခြွေခကို စိတ်ကူးပေါက်ရင်ပေါက်သလို အခြေအမြစ်မရှိတာတွေ ထထပြောတတ်ပြီး တစ်ခါတလေလည်း ခြွေခကို ကြည့်ကာ အားပါးတရရယ်တတ်သေးသည်။ သူရယ်ချင်လောက်စရာတွေချည်းပဲ သူ့ရှေ့မှာ ခြွေခရွေးလုပ်နေတာ မဟုတ်ဘဲ ခြွေခပုံစံအတိုင်းသာ နေခြင်းဖြစ်သည်။ ရယ်စရာ တစ်ခုမှ မပါဘဲနဲ့ ခြွေခရဲ့ မျက်နှာအမူအရာတွေကို အကဲခတ်ကာ Mr.Bean သူ့ရှေ့ရောက်နေသလို တစ်ဟားဟားနှင့် ရယ်တတ်သော မိုးခန့်ညားဟာ ခြွေခအတွက် သာမန်မဟုတ်သော မျက်နှာရူးတစ်ယောက်သာ။
STAI LEGGENDO
Parallel Season 2(Completed)
Storie d'amoreCover photo credit to the rightful owner. Disclaimer: အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန် (အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန်) Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။ Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။