Part 1

537 11 0
                                    

(Unicode)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ Suvarnabhumiလေဆိပ်၌ သွားလာလှုပ်ရှားနေကြသော လူအများဖြင့် မျက်စိအနားမပေးနိုင်အောင် ရှုပ်ထွေးလျက်ရှိသည်။

တစ်စင်းတက်သွားလိုက် တစ်စင်းကဆိုက်ရောက်လိုက်ဖြင့် လေယာဥ်ပြေးလမ်းမများတစ်လျှောက် ဥဒဟိုရွေ့လျားနေလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ လေယာဥ်များ၊ လေဆိပ်အတွင်းရှိ Duty Freeဆိုင်များကို လှည့်လည်ကာ လိုအပ်ရာများ ဝယ်ယူနေကြသော ခရီးသည်တွေနှင့် စားသောက်ဆိုင်တွေ၌ စားသုံးနေကြသူများ၊ ရပ်ဝေးကပြန်လာသူတွေအား လာရောက်ကြိုဆိုကြသည့် မိသားစုဝင်တွေနှင့်သူငယ်ချင်းမိတ်ဆွေများအပြင် တစ်ပြည်သို့ထွက်ခွာကြမည့် ခရီးသည်တွေကို နှုတ်ဆက်နေကြသည့်သူတို့အား ကြီးမားကျယ်ပြန့်လှသည့် လေဆိပ်အတွင်း၌ တွေ့ရ၏။

ခြွေခသည်လည်း မြန်မာနိုင်ငံကို ပြန်‌တော့မည်ဖြစ်သည့်အတွက် ဤလေဆိပ်ထဲသို့ရောက်ရှိနေပြီ။ သူ့ရဲ့နံဘေးတွင်တော့ သူနဲ့မတူညီတဲ့ နိုင်ငံတစ်ခုဖြစ်သည့် သြစတြေးလျနိုင်ငံသို့ ပြန်မည့် မိုးခန့်ညားက ထိုင်နေသည်။ မိုးခန့်ညားဆိုသည်မှာ သူနှင့်သုံးကြိမ်သုံးခါသာ ဆုံဖူးကြပြီး သူ့စိတ်ထဲက သတ်မှတ်ထားသော မျက်နှာရူးဖြစ်၏။

အနှီမျက်နှာရူးသည်ကား သူနှင့်အတူ ဘန်ကောက်မြို့တွင် နှစ်သစ်ကူးအချိန်များအား ဖြတ်သန်းခဲ့သည်။ မြန်မာနိုင်ငံက ထွက်ခွာလာစဥ် လေယာဥ်ပေါ်မှာ ထိုမျက်နှာရူးနှင့် အတူတူ ဘေးချင်းကပ်ထိုင်လာခဲ့သည့် အချိန်ကအစပြု၍ ခြွေခ၏ ကံသည် စတင်ဆိုးခဲ့လေသည်။ မိုးခန့်ညားက ခြွေခအား ပြောစကားနှင့်ညီအောင် ခြွေခနောက်က တကောက်ကောက်လိုက်ပြီး အတူတူ ခရီးတစ်ခုတည်းသွားဖြစ်အောင် ဖန်တီးသည်။

ခြွေခတည်းသည့် ဟိုတယ်မှာသာ သူလိုက်တည်းပြီး ခြွေခနေရာတစ်ခုကို သွားလည်တော့မည်ဆိုတာနှင့် ဘယ်ကဘယ်လိုအနံ့ရကာ သိသည်မသိ အပြေးအလွှား ခြွေခဆီသို့ ရောက်လာ၍ ခြွေခနှင့်အတူ လိုက်လည်သည်။ ခြွေခ ပထမရက်မှာ အတော်လေးကို စိတ်ရှုပ်မိပေမယ့် နောက်ရက်တွေတွင်တော့ ဘာမှစိတ်ထဲမထားတော့ဘဲ ပေါ့ပေါ့ပါးပါးသာ နေလိုက်တော့သည်။

Parallel Season 2(Completed)Donde viven las historias. Descúbrelo ahora