(Unicode)
မနက်ဖြန်ဆိုရင် ခြွေခရဲ့ ‘Wonderland Concert’အတွက် လက်မှတ်များကို စတင်ရောင်းချတော့မည်။ လွယ်ကူစွာ ဝယ်ယူလို့ရရှိစေရန် onlineကနေပဲ ရောင်းချပေးသွားမှာဖြစ်၏။ လက်မှတ်တွေရောင်းအပြီး နှစ်ပတ်အကြာတွင်တော့ ခြွေခရဲ့ concertနေ့ဖြစ်သော ၆လပိုင်း၁ရက်နေ့က ရောက်ရှိလာမည်။ ထိုနေ့သည်ကား ခြွေခအပါဝင် ခြွေခ၏ ပရိတ်သတ်တွေကပါ စောင့်မျှော်နေသော နေ့တစ်နေ့ပင်။
ချစ်ရသော သီချင်းတွေကို ဖန်တီးရင်း ဖြတ်သန်းနေရာ အနုပညာလမ်းကြောင်း တစ်လျှောက်တွင် နောက်ထပ် အမှတ်ရစရာ နေ့တစ်နေ့ကို ရေးမှတ်နိုင်ဦးတော့မည့်အတွက်လည်း ခြွေခ စိတ်လှုပ်ရှားရသည်။ အချိန်တွေကိုသာ ရီမုတ်တစ်လုံးဖြင့် ကျော်လို့ရမည်ဆိုလျှင် ထိုနေ့ မြန်မြန်ရောက်အောင် ကျော်ချသွားလိုက်ချင်စိတ်တောင် ခြွေခ ရင်ထဲမှာ ဖြစ်မိလေရဲ့။
တစ်ရက်ထက်တစ်ရက် ပိုမိုကာ နီးကပ်လာသော ခြွေခရဲ့ နေ့ထူးနေ့မြတ်အတွက် ခြွေခမှာ အလုပ်တွေရှုပ်နေပြီး အနားရသည်ကို မရှိပါ။ အကနှင့် တွဲဖက်ကာ ဖျော်ဖြေရမည့် သီချင်းတွေအတွက် mvရိုက်ကတည်းက သင်ထားရသော အကများကို backup dancerများနှင့်အတူ ပြန်လည်ကာ လေ့ကျင့်ရသည်။ သီချင်း တစ်ပုဒ်တစ်ပုဒ်ကိုသာ မိနစ်ဘယ်လောက်မှမရှိတာ လေ့ကျင့်ရသည့် ကကွက်တွေက မနည်းလှပေ။ တစ်ချက်ကလေးမှ အမှားမရှိစေဘဲ အဆိုရော အကရော လှုပ်ရှားမှုတွေ ကွက်တိကျပြီး ပြည့်စုံသော ဖျော်ဖြေမှုတစ်ခုအဖြစ်သာ ထွက်ပေါ်လာစေရန် အကြိမ်ကြိမ်အခါခါ လေ့ကျင့်ပြီးရင်း လေ့ကျင့်ရသည်။
ထို့အပြင် ဤရက်ပိုင်းအတွင်း အသံကို ယခင်ထက် ပို၍ ဂရုစိုက်ခြင်းများလည်း ပြုလုပ်ရသည်။ သက်လုံကောင်းမွန်စေမည့် လေ့ကျင့်ခန်းများကိုပါ လုပ်ဖြစ်သေးသည်။ ၂နာရီကျော်ကြာအောင် သီချင်းတွေအများကြီးကို ဖျော်ဖြေနိုင်ဖို့အတွက်ဖြစ်၏။
“အားလုံးပဲ တာဝန်ကျေပါတယ်၊ ဒီနေ့တော့ ဒီလောက်ပါပဲ၊ အိမ်ပြန်ရောက်ရင် ကောင်းကောင်းအနားယူပြီး နောက်နေ့မှ ကျွန်တော်နဲ့အတူတူ ကြိုးစားပေးကြပါဦး”
ВЫ ЧИТАЕТЕ
Parallel Season 2(Completed)
Любовные романыCover photo credit to the rightful owner. Disclaimer: အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန် (အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန်) Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။ Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။