Part 26

84 7 0
                                    

(Unicode)

ဖော့ဘူးအဖြူ‌လေးကို ဖွင့်ဖောက်မစားဖြစ်ဘဲ ဝယ်လာသည့်အတိုင်းသာ ကားDashboardပေါ်တွင် ခြွေခတင်ထားလိုက်သည်။ မိုးခန့်ညား သူ့အပေါ် ဘယ်လိုစိတ်မျိုးထားနေလဲ၊ ဘာကြောင့် ကားတင်ပြေးလာတာလဲ၊ ရှိန်းသစ်လွင်ကရော မိုးခန့်ညားရဲ့ဘာလဲ စသည်ဖြင့် တွေးမိနေပြီး လက်ကိုပိုက်လျက် အပြင်ဘက်ကို ကြည့်နေမိသည်။ နားမလည်နိုင်ဘူး။ နားလည်ဖို့လည်း မကြိုးစားချင်ဘူး။ ခြွေခ စိတ်ရှုပ်ထွေးတာပဲ သိသည်။

“မင်းမစားဘူးလား”

မျက်မှောင်ကြုတ်ပြီး ပတ်ဝန်းကျင်ကိုသာ ငေးမောနေပြီး အတွေးဝဲဂယက်ထဲမှာ စုံးစုံးမြုပ်နေသည့် ခြွေခကို မိုးခန့်ညား မနေနိုင်တော့ဘဲ မေးမိသွားသည်။ သူ့မှာတော့ ခြွေခကို လူတွေက ဝိုင်းကြည့်ပြီး အာရုံစိုက်ခံရရင် ကောင်းကောင်းမွန်မွန် မစားရမှာ စိတ်ပူလို့ ဆိုင်ထဲတောင် သွားမထိုင်ဘဲ ကားပေါ်မှာပဲ အေးဆေးစွာ စားသောက်နိုင်စေရန် ပါဆယ်သွားဝယ်ပေးလာခဲ့သည်။ ခြွေခက သူဝယ်လာတာကို မစားတော့ စိတ်မကောင်းဖြစ်ချင်လာ၏။ ခြွေခ စိတ်ထဲ လက်ရှိမှာ ဘာတွေဖြစ်နေမည်လဲဆိုတာ သူသိပါသည်။

သူကိုယ်တိုင်က ဒီကောင်လေးကို စနောက်နေပြီး စိတ်ဆိုးသွားတဲ့ပုံလေးကို မြင်ရတိုင်း ပြောမပြနိုင်လောက်အောင် သဘောကျမိတတ်တာကြောင့် သူ့ရည်ရွယ်ချက်အစစ်အမှန်နှင့် သွေဖယ်သော အကြောင်းပြချက်ဖြင့် စနောက်ခဲ့မိတာ။ အခုတော့ ခြွေခက တကယ်ကြီး စိတ်ဆိုးသွားပြီထင်၏။ မဖြစ်တော့။ သူ ခြွေခကို ခေါ်လာရသည့် အမှန်တရားကို ပြောမပြနိုင်သေးပေမယ့် စိတ်ဆိုးပြေအောင်တော့ ကြိုးစားရမည်။

“စားလိုက်လေကွာ၊ တစ်ညလုံး အစာမရှိဘဲ မင်းဘယ်လိုနေမှာလဲ၊ ငါ ဘယ်မှာမှ ထပ်ရပ်တော့မှာ မဟုတ်ဘူးနော်၊ ကားထဲမှာလည်း ဘာမုန့်မှ ပါလာတာ မဟုတ်ဘူး၊ စားလိုက် ခြွေခ”

“မင်း ငါ့ကို ဘာလို့ ခေါ်လာတာလဲ အမှန်အတိုင်းပြော၊ ငါသိချင်တာကို သိပြီးရင် စားမယ်”

နောက်ဆုံးတော့ ‌ခြွေခဟာ သူ့ဘက်ကို လှည့်ကာ စကားပြောလာသည်။ ခြွေခ မေးတာကိုတော့ အမှန်အတိုင်း မဖြေနိုင်သေးပါ။ သို့‌သော် ညနေက သူနောက်ပြောခဲ့တာကို နောက်ခဲ့မှန်း သိအောင် ပြောပြသင့်သည်ဟု သူတွေးမိသည်။

Parallel Season 2(Completed)Where stories live. Discover now