Part 7

98 8 0
                                    

(Unicode)

ခေတ်မီဆန်းသစ်သောဒီဇိုင်းဖြင့် နိုင်ငံတကာအဆင့်မီအောင် တည်ဆောက်ထားသော 'Success'ဆေးရုံကြီး၏ ကြီးမားကျယ်ပြန့်သောဝင်းအတွင်းသို့ ခြွေခ ကားကို မောင်းဝင်လာလိုက်သည်။ ကားပါကင်ရှိရာသို့သာ တည့်မတ်စွာ ဦးတည်သွားဖြစ်ပြီး သင့်တော်သောနေရာတစ်ခု၌ ကားကို စက်သတ်ကာ ရပ်လိုက်သည်။

"ပါပါးနဲ့ အိုမား ဆင်းလို့ရပြီ"

ခြွေခ ကိုယ်တွင်ပတ်ထားသော ခါးပတ်ကြိုးကို ဆွဲဖြုတ်ရင်းနဲ့မှ မိဘတွေကို စကားလှမ်းပြောလိုက်ခြင်း။ ခြွေခ သူ့အဖေနဲ့အမေ ကားပေါ်ကနေ ဆင်းသွားပြီဆိုမှ အိမ်ကနေ ရုပ်ဖျက်ဖို့ မမေ့မလျော့ ယူလာသော မက်စ်အနက်‌ရောင်လေးကို မျက်နှာအားဖုံးသွားစေရန် တပ်လိုက်သည်။ ထို့နောက်တွင် ရွှေ‌ရောင်မျက်မှန်အဝိုင်းလေးကိုလည်း တပ်ပြီး adidasတံဆိပ် လျှာထိုးဦးထုပ်‌အနက်ကိုပါ ခေါင်းတွင်ဆောင်းသည်။

ခြွေခရဲ့ ယခုပုံစံက လူတွေမသိအောင် တစ်နေရာရာသွားတိုင်း ရုပ်ဖျက်သွားတတ်သည့် ပုံစံဖြစ်သည်။ ဤကဲ့သို့ ခြွေခ၏ ရုပ်ရည်အစစ်အမှန်ကို ဖုံးကွယ်လိုက်လျှင် မည်သူကမှ သတိမထားမိတော့သောကြောင့် ခြွေခအတွက် ဤနည်းလမ်းက အ‌တော်အတန်ကိုမှ အသုံးတည့်နေသည့် နည်းလမ်းတစ်ရပ်ဖြစ်သည်။ ခြွေခ ကားမှန်တွင် မိမိကိုယ်ကို ခေတ္တခဏမျှ တစ်ချက်ကြည့်လိုက်ပြီးနောက်မှ ဖုန်းနှင့် walletကိုယူကာ ကားပေါ်မှဆင်းသည်။

"သားကြီးရယ် မင်းဟာက အလုပ်ရှုပ်လိုက်တာကွာ၊ မင်းလိုက်မပို့လည်း မင်းအိုမားနဲ့ ပါပါး ကိုယ့်ဘာသာကိုယ် နှစ်ယောက်တည်း လာလို့ရတာကို"

ခြွေခ၏ ဖခင်က လူများသောနေရာတစ်ခုဖြစ်သည့် ဆေးရုံသို့ သူတို့ကို လိုက်ပို့တိုင်း လူတွေရဲ့ အာရုံစိုက်ခြင်းကိုရှောင်ဖယ်ချင်သောခြွေခ ယခုကဲ့သို့ ချပ်ဝတ်တန်ဆာ အစုံအလင်ဖြင့် မိမိကိုယ်ကို ဖုံးကွယ်နေရတာကို သနား၍ ခြွေခအား ပြောလေတော့သည်။ ခြွေခအတွက်တော့ ယခုလိုမျိုး ရုပ်ဖျက်ရတာ အလုပ်ရှုပ်ပေမယ့် မိဘတွေကို သူကိုယ်တိုင်ပဲ လိုက်ပို့ချင်တာကြောင့် စိတ်ရှုပ်ခြင်းမျိုးမဖြစ်။

Parallel Season 2(Completed)Tahanan ng mga kuwento. Tumuklas ngayon