(Unicode)
ယနေ့သည် ခြွေခ၏ မိဘတွေအား သင်္ဂြိုဟ်သည့်နေ့ဖြစ်သည်။ အလျှံငြီးငြီးတောက်လောင်နေသည့် မီးတောက်တွေထဲ ဝင်သွားရသော မိဘတွေ၏ ရုပ်ခန္ဓာကြီးအား ခြွေခတို့ ဆက်ကြည့်နိုင်စွမ်းမရှိတော့။ ထိုနေရာနားကနေ ညီအစ်ကိုနှစ်ယောက်လုံး လှည့်ထွက်လာခဲ့သည်။ နွေလက ဖြေမဆည်နိုင်စွာ မျက်ရည်ကျနေခဲ့ပေမယ့် ခြွေခကတော့ စိတ်ကိုတင်းလို့သာထားသည်။
“ငါ ပြန်လာခဲ့မယ် အငယ်ကောင်၊ ခဏလောက် အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူချင်လို့ ယူမီတို့နဲ့ နေခဲ့နော်”
နွေလက ခေါင်းညိတ်ပြသည်။ မိဘတွေအား မီးစတင် သင်္ဂြိုဟ်သည့်အချိန်ကတည်းက ဘောင်းဘီအိတ်ထဲကို လက်နှစ်ဖက်စလုံး ထည့်ထားပြီး တည်ငြိမ်ချင်ဟန်ဆောင်နေခဲ့သော ခြွေခ နွေလကို ပြောပြီးသည်နှင့် မှန်ကန်သောခြေလှမ်းများဖြင့် တစ်နေရာသို့ လျှောက်သွားဖြစ်သည်။ ခြွေခ သွားချင်သည့် ချောင်ကျကျနေရာတစ်ခုကို ရောက်သည်နှင့် တုန်ယင်နေသော လက်တစ်စုံကို ဘောင်းဘီအိတ်ထဲမှ ပြန်ထုတ်လိုက်ပြီး လွတ်လပ်စေသည်။ တစ်ဆက်တည်းမှာပင် တင်းထားရသော စိတ်ကို တစ်ဆုံးထိ လျှော့ချမိသည်။
ခြွေခ ဒီဘက်သို့ ထွက်လာတည်းက အနောက်ကနေ လိုက်လာခဲ့သော မိုးခန့်ညား ခြွေခအနားကို မသွားသေးဘဲ ခပ်လှမ်းလှမ်းကသာ ရပ်ကြည့်နေသည်။ ခြွေခ ဝမ်းနည်းစွာ ပူဆွေးနေသည်ကို သူကြည့်နေရတာ သူ့စိတ်ထဲမှာ ဘယ်လိုမှ အဆင်မပြေပါ။ ပြီးခဲ့တဲ့နေ့ကလိုမျိုး ခြွေခကို ဖက်ထားပေးပြီး သူ့ရင်ခွင်ထဲမှာ စိတ်ချလက်ချ ငိုစေချင်သည်။ သူ့အလိုအရဆို ခြွေခကို ပွေ့ဖက်ပေးကာ ထိုကဲ့သို့ နှစ်သိမ့်ပေးမှာ ဖြစ်သော်ငြား ခြွေခသည်လည်း တစ်ယောက်တည်း လွတ်လပ်စွာငိုကြွေးနိုင်ဖို့ လိုအပ်ပေသည်။ ထို့ကြောင့် ခြွေခ အားရကျေနပ်စွာငိုပြီး အငိုတိတ်မည့်အချိန်ကို စောင့်နေလိုက်သည်။
ခဏအကြာတွင် ခြွေခက ငုံ့ထားသော ခေါင်းအား ပြန်လည်မတ်လိုက်လေသည်။ အငိုတိတ်သွားပြီဖြစ်တာကြောင့် မိုးခန့်ညားလည်း ခြွေခဘေးသို့ သွားလိုက်ရန် ခြေလှမ်းတစ်လှမ်းကို လှမ်းသည်။
YOU ARE READING
Parallel Season 2(Completed)
RomanceCover photo credit to the rightful owner. Disclaimer: အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန် (အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန်) Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။ Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။