(Unicode)
အချိန်သည်ကား မနက်၆နာရီဝန်းကျင်ဖြစ်၏။ နေမင်းကြီးက သူ့ရဲ့ အလင်းရောင်များကို အလုံးစုံမဖြန့်ကျက်သေးဘဲ အလင်းရောင်အနည်းအကျဥ်းသာ ကောင်းကင်တစ်ခွင်ကို ခြယ်သထားသေးသည်။ ထို့အတွက်ကြောင့် နွေရာသီဆို အင်မတန်ကိုမှ ပူပြင်းလှသော ရန်ကုန်နွေ၏ အပူဒဏ်ကို ဤအချိန်တွင် လုံးလုံးမခံစားရဘဲ နေလို့ထိုင်လို့ ကောင်းလှသည်။
သာယာမှုအပေါင်းဆောင်ကြဥ်းနေသော ဒီမနက်ခင်းအချိန်အခါသမယ၌ လူတစ်ယောက်သည် ရေကူးကန်အတွင်း ရေမှာပျော်သော ငါးလေးတစ်ကောင်ပမာ ခေါက်တုံ့ခေါက်ပြန် လူးလာကူးသန်းနေလေ၏။ လက်နှင့်ခြေထောက်များကို ဟန်ချက်ညီညီ လှုပ်ရှား၍ ရေလွှာကို ခွင်းကာခွင်းကာ ကူးခတ်သွားပုံသည်ကား ရေသူထီးလေးတစ်ဦးအလား ဆွဲဆောင်မှုရှိလွန်းသည်။ ကူးခတ်ရတာ မောသွားသော ရေသူထီးလေးသည် နောက်ဆုံးတွင်တော့ အပေါ်သို့ ပြန်လည်တက်ရောက်လာပြီဖြစ်၏။
ကျစ်လစ်၍ အဆီပိုမရှိသော ခန္ဓာကိုယ်၊ ယောကျ်ားလေးတစ်ယောက်အနေဖြင့် ပုလည်းမပု မြင့်လည်းမမြင့်လွန်းသည့်အရပ်အမောင်း၊မဖြူမညိုအရောင်ရှိပြီး ကြည်နေပြန်သည့် အသားအရေ၊ ရွှေအိုရောင်ဆိုးထားသော ဆံပင်ပျော့ပျော့များနှင့် မြန်မာလူမျိုးစစ်စစ်တစ်ယောက်မဟုတ်မှန်း သိသာနေသည့် ရုပ်ရည်ပိုင်ရှင် ရေသူထီးလေးသည် နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်သူ ခြွေခသာလျှင်ဖြစ်၏။
ရေကူးဘောင်းဘီတိုအနက်လေးကိုသာ ဝတ်ဆင်ထားသော ခြွေခသည် Beach Chairပေါ်တွင် တင်ထားခဲ့သော တဘက်အဖြူဖြင့် ရေစိုနေသော ခန္ဓာကိုယ်အပေါ်ပိုင်းအား ဖြည်းညင်းစွာ ရေများပြောင်စင်အောင် အရင်သုတ်သည်။ ထို့နောက် တဘက်ကို ကိုယ်တွင်လွှမ်းခြုံလိုက်၍ Beach Chairထက်၌ သဘာဝအလှများကို ခေတ္တခံစားကြည့်ရှုရန် ခြေဆင်းထိုင်လိုက်သည်။
ခြွေခရောက်နေသော ရေကူးကန်မှာ ခြွေခနေထိုင်ရာ ကွန်ဒို၏၂၃လွှာမှာ တည်ရှိသော ရေကူးကန်ဖြစ်သည်။ သို့ဖြစ်၍ ရန်ကုန်မြို့၏ မနက်ခင်းမြင်ကွင်းအလှအပကို လတ်ဆတ်သည့်လေကောင်းလေသန့် ရှူရှိုက်ရင်း ကြည့်ရှုရတာ အလွန်တရာ စိတ်ချမ်းမြေ့ဖွယ်ကောင်းသည်။ အတန်ကြာတော့ ဆွတ်ပျံ့လာသော လေညင်းကို ခြွေခရှူသွင်းလိုက်ပြီးနောက် နေရာမှထကာ သွက်လက်သောခြေလှမ်းများဖြင့် သူ့အခန်းသို့ ပြန်ဖြစ်သည်။
STAI LEGGENDO
Parallel Season 2(Completed)
Storie d'amoreCover photo credit to the rightful owner. Disclaimer: အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန် (အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန်) Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။ Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။