(Unicode)
"ဟယ်လို ကိုး၊ နို ကုမ္ပဏီကိုရောက်ပြီ၊ ကိုး Night Dutyကျထားတာ အိမ်မှာပဲ နားနားနေနေပါလား၊ နို့ဆီကို မလာနဲ့တော့လေ"
မိုးခန့်ညားက နေ့လည်၌ ခြွေခကို နေ့လည်စာလာပို့မည်ဟု ပြီးခဲ့သည့်နေ့က ပြောခဲ့သည်။ ထိုသို့ဖြစ်ပေမယ့် မိုးခန့်ညား သူ့ဆီလာနေရရင် ပင်ပန်းနေမှာဖြစ်တာကြောင့် မလာခိုင်းတော့ဘဲ အိမ်မှာပဲ အနားယူနိုင်ရန် ခြွေခ ဖုန်းဆက်ကာ လှမ်းပြောဖြစ်သည်။ ဆေးရုံမှာ တစ်ညလုံးအလုပ်ရှုပ်နေခဲ့မည့်သူက တကူးတကနှင့် လာနေရရင် သက်သက်ပင်ပန်းတာပဲ အဖတ်တင်မည်။
"ကိုယ်လာခဲ့မယ်၊ ပင်ပန်းတာကဘာမှမဖြစ်ဘူး၊ ကိုယ်က အသားကျနေပြီ၊ နိုလေးကို တွေ့ချင်တာမတွေ့ရမှ ကိုယ်တကယ် ဒုက္ခရောက်မှာ၊ ကိုယ်က ဆရာဝန်ဆိုပေမယ့် ကလေးတွေကိုပဲ ကုတတ်တာ၊ ချစ်သူနဲ့မတွေ့ရလို့ လွမ်းနာကျတာကိုတော့ ကိုယ့်ဘာကိုယ် ပြန်မကုတတ်ဘူး"
တစ်ဖက်က ပြန်ပြောလာသည့် တုံ့ပြန်စကားကိုအကြား ခြွေခရဲ့ နှုတ်ခမ်းတွေကွေးညွတ်သွားပြီးနောက် ခပ်တိုးတိုးရယ်မိသွားသည်။ သူ့ရဲ့ချစ်သူ ဒေါက်တာကြီးကတော့ စကားကို သူသဘောမကျကျအောင် ပြောတတ်သည်။ အရင်ကသာ မျက်နှာရူးဆိုပြီး အကြောမတည့်သလို အပေါက်အလမ်းမတည့်တာ အခုများကျတော့ ခြွေခတစ်ယောက် မိုးခန့်ညားရဲ့ ပြောစကားမှန်သမျှကို နားဝင်ချိုနေတော့၏။ ရှိခဲ့ဖူးသော ကြည့်မရခဲ့ခြင်းတွေကလည်း ဘယ်ကိုပျောက်သွားသည်မသိ။ အချစ်ရဲ့စွမ်းအားများက ထူးဆန်းလိုက်ပါဘိ။
"ရယ်နေတာလား၊ ကြိတ်ပြီးရယ်နေလည်း ကိုယ်ကြားတယ်နော် နိုလေး၊ ပြောပါဦး၊ ဘာကို ဒီလောက်သဘောကျသွားတာလဲ"
"ဪ လွမ်းနာကျတာကို ကိုယ့်ဘာကိုယ် မကုတတ်ဘူးဆိုတာကို သဘောကျသွားတာပါ၊ လွမ်းနာကျရအောင် နိုတို့က အဝေးကြီးမှာလည်း ရှိနေတာမဟုတ်ဘဲနဲ့ ကိုးရ၊ ကိုး နို့ကို လွမ်းရင် အပြင်မှာ နိုတို့မတွေ့ဖြစ်ကြရင်တောင်မှ Video Callနဲ့ခေါ်ပြီး အလွမ်းဖြေလို့ရတာပဲ၊ မဟုတ်ဘူးလား"
"မဟုတ်ပါဘူး၊ ကိုယ်နဲ့နိုလေးက တစ်နိုင်ငံတည်း တစ်မြို့တည်းမှာရှိနေကြရဲ့သားနဲ့ နေ့တိုင်း မတွေ့ရတာ ကိုယ့်အတွက်အဆင်မပြေဘူး၊ ပြီးတော့ Video Callနဲ့ပဲ တွေ့ရတာ အပြင်မှာလို နိုလေးကို ကိုယ်အသည်းယားရင် ဆွဲဖက်တာတို့ နမ်းတာတို့ လုပ်လို့ရတာမှမဟုတ်တာကွာ၊ Video Callနဲ့ကျတော့ ကိုယ့်မှာ ဖုန်းscreenကြီးကိုပဲ ဖက်ရမလိုလို နမ်းရမလိုလိုနဲ့၊ မသိရင် ဖုန်းနဲ့ကိုယ်က ချစ်သူတွေကျလို့၊ ကိုယ်တို့က ကြင်စဦးတွေပါ နိုလေးရ၊ ချစ်စခင်စကြင်နာစမှာ နှစ်ယောက်သား နီးနီးကပ်ကပ်နဲ့ရှိချင်တာပေါ့၊ ကိုယ်ဖြစ်ချင်တာ အလွန်မဟုတ်ဘူးမလား"

ESTÁS LEYENDO
Parallel Season 2(Completed)
RomanceCover photo credit to the rightful owner. Disclaimer: အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန် (အသက်17နှစ်အောက်စာဖတ်သူများဝင်ရောက်ဖတ်ရှုခြင်းမပြုပါရန်) Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။ Season 1ကို အရင် ဖတ်ထားဖို့လိုပါသည်။