Part 25

84 7 2
                                    

(Unicode)

စိတ်ကအဆင်မပြေဖြစ်နေသည့်အတွက် တံခါးပိတ်ရာတွင် ဝုန်းဒိုင်းနှင့် အသံကျယ်‌လောင်မသွားစေရန် အထူးဂရုစိုက်ပြီး ပိတ်ပြီးနောက် ဖိနပ်ချွတ်သည်။ သို့သော်ငြား ဘာဖြစ်လို့ဖြစ်နေမှန်းမသိ ပဟေဠိဆန်စွာပင် ဖိနပ်က တော်တော်နှင့် ကျွတ်မလာပါ။ ထိုသို့ဖြစ်၍ အိမ်ရဲ့ဖိနပ်ချွတ်လေးတွင် ငုတ်တုတ်ထိုင်ချပြီး ဖိနပ်ကို စိတ်ငြိမ်ငြိမ်ထားကာ ချွတ်ရတော့သည်။ ကြိုးလေးတွေကို သေချာဖြေကာ စိတ်ရှည်သည်းခံလမ်းကြောင်းမှန်နှင့် အောင်မြင်စွာ ဖိနပ်ချွတ်ခြင်းအမှု ပြီးမြောက်သွားသည့်အခိုက်တွင်တော့ ဖိနပ်ကို ဖိနပ်ဗီရိုလေးထဲ သေချာပြန်ထည့်လိုက်သည်။

ဗီရိုတံခါးလေးကို အဖွင့်အပိတ်လုပ်ရာမှာလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ထိန်းစေရန် အကြိမ်ကြိမ်ပင် သတိကို အထပ်ထပ်အခါခါပေးဖြစ်သည်။ စိတ်လိုက်မာန်ပါတွေ လုပ်လို့မဖြစ်။ ကိုယ်တစ်ယောက်တည်းနေတာ မဟုတ်သည့်အတွက် ညီဖြစ်သူအား ငဲ့ရမည်။

စီးလာသည့်ဖိနပ်လေးက ဖြောင့်ဖြောင့်ဖြူးဖြူးဖြင့် အေးဆေးငြိမ်သက်စွာ ဗီရိုထဲရောက်သွားပြီးသည်နှင့် မဆိုင်းမတွမှာပဲ မြိုသိပ်ကာ လည်ချောင်းဝမှာ ထိန်းသိမ်းထားရသည့် စကားလုံးတွေကို ထွက်ကျချင်တိုင်း ထွက်ကျစေတော့သည်။

“ရှိန်း ရှိန်း ရှိန်း ရှိန်းနဲ့ တစ်ရှိန်းတည်းကို ရှိန်းနေတာပဲ၊ ဘာရှိန်းတာလဲ၊ ပူရှိန်းလား၊ ပူရှိန်း အဲ့လောက်တောင်စားချင်နေရင် ပိုက်ဆံရှိတာပဲ ဘူးလိုက်ဝယ်စားပေါ့၊ ပတ်ဝန်းကျင်ကလူတွေ နေလို့ထိုင်လို့မရအောင် ရှိန်း ရှိန်းဆိုပြီး နားကို ဒုက္ခပေးနေတယ်၊ ပြီးတော့ ဘာတဲ့ မင်းဆီက အဲ့လိုစကားမျိုးကြားရတာ ရင်ပူလွန်းလို့ပါဆိုပဲ၊ အော့အော့တွေ၊ ရင်ပူရင် ရေခဲရေသောက်ပါလား၊ ရေခဲ‌ရေသောက်လို့ မနိုင်တဲ့ အနေအထားဖြစ်ရင်လည်း ‌ရေခဲတိုက်ထဲဝင်နေပါလား၊ ဒါမှမဟုတ် အသားတွေငါးတွေ အအေးခံတဲ့ အအေးခန်းတွေထဲ ဝင်နေ၊ ပူနေတဲ့ရင် အေးသွားရုံမကလို့ တစ်ခါတည်း အသက်ထွက်သွားလည်း ကောင်းတာပဲ”

ခြွေခ ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေကာ တစ်လမ်းလုံး လည်ချောင်းဝမှာ တစ်စို့တစ်စို့ဖြစ်ပြီး ထွက်ပါရစေလို့ သူ့အား ခွင့်တွေ အလီလီတောင်းနေခဲ့သည့် စကားလုံးလေးတွေကို သူတို့‌လေးတွေ လွတ်လပ်ကြပါစေဆိုသော စာနာမှုလေးဖြင့် နှုတ်မှထွက်အံခွင့်ပေးနေမိသည်။ ခြွေခဟာ မတရားလုပ်တတ်သည့်သူ မဟုတ်ပါ။ ထိုသို့ဖြစ်တာကြောင့် မိမိ၏ မဆိုစလောက် အနည်းငယ် ဒေါသထွက်ရုံထွက်နေသော စိတ်လေးကိုပါ သူ့အလိုကျ ပေါက်ကွဲစေရန် ခွင့်ပြုပေးလိုက်ပါသေးသည်။

Parallel Season 2(Completed)Dove le storie prendono vita. Scoprilo ora