Part 2

221 10 0
                                    

(Unicode)

‘ခြွေခက Gayလား၊ ဒီပုံထဲမှာ ခြွေခကို ဖက်ထားတဲ့လူကရော ခြွေခနဲ့ ဘယ်လိုပတ်သက်နေတာလဲ’ ဆိုသော captionနှင့်တကွ ဓာတ်ပုံများသည် Facebookတစ်ခွင်တွင် သုံးစွဲသူများအကြား ဂယက်တစ်ခုအဖြစ် ပျံ့နှံ့နေတော့သည်။

တင်ထားသော ပုံများမှာ မိုးခန့်ညားက ခြွေခကို Suvarnabhumiလေဆိပ်၌ ပြန်ခါနီး လှမ်းဖက်လိုက်သောပုံများဖြစ်သည်။ ပုံထဲတွင် ခြွေခတစ်‌‌ယောက်ရဲ့မျက်နှာကိုသာ ရှင်းလင်းစွာ မြင်ရပြီး မိုးခန့်ညားကတော့ ဓာတ်ပုံလှမ်းရိုက်သည့်သူကို ကျောပေးလျက်အနေအထားဖြစ်နေတာကြောင့် ဘယ်သူဘယ်ဝါမှန်း မမြင်ရပေ။

ပုံကို တင်လိုက်သောသူမှာ profileအစစ်နှင့်ဆိုလျှင် ခြွေခဘက်က ဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် တရားစွဲလို့ ရသွားမှာကို မလိုလား၍ထင် accountအတုတစ်ခုနှင့်သာ တင်ထားလေ၏။ လတ်တလော ပြည်တွင်း၌ နာမည်အကြီးဆုံးအနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်သည့် ခြွေခသည် ထိုသူ ဖွလိုက်သော ပုံများကြောင့် အခုဆိုလျှင် အပြင်းအထန်ကို ဝေဖန်ခံနေရသလို ကဲ့ရဲ့ရှုတ်ချခြင်းများလည်း ခံနေရသည်။ Mediaများ၏ ထိပ်သီးသတင်းတစ်ပုဒ်အဖြစ်လည်း ခြွေခရဲ့ သတင်းက ရေပန်းအစားဆုံးဖြစ်နေသည်။

ခြွေခ၏fanများသည် ခြွေခအား တိုက်ခိုက်ပြောဆိုနေကြသူများကို တန်ပြန်ကာတိုက်ခိုက်ပြောဆိုနေပေးကြရာမှ အနှီလူအများနှင့် onlineမှာ အချင်းပွားနေကြရသည်။ ခြွေခကို ကာကွယ်ပြီးပြောဆိုပေးကြသော ခြွေခရဲ့အသက်ကလေးများကို တချို့သောလူများက ကြမ်းတမ်းလွန်းသော စကားလုံးများနှင့် ထိုးနှက်ကြသည်ကို ခြွေခမြင်‌ရတော့ ဒေါသထွက်မိသွားသည်။

*တောက်*

“မင်းတော်တော် ဒေါသထွက်နေပြီမလား ခြွေခ၊ ငါတို့လည်း မြင်မြင်ချင်း ဒေါသထွက်သွားတာ လူသတ်ချင်စိတ်‌တောင်ပေါက်တယ်၊ ဓာတ်ပုံထဲကလူ ဘယ်သူလဲဆိုတာတော့ ငါမမေးတော့ဘူး၊ မင်းကိစ္စ အကုန်လုံးကို ငါသိနေတာပဲ၊ သူ့ကိုတော့ ငါမသိပေမယ့် ငါမေးစရာ မလိုဘူးလည်းထင်တယ်၊ ငါတို့ ဒီပုံတွေကို ထပ်မပြန့်တော့အောင် ကြိုးစားပြီးလိုက်ပိတ်သေးတယ်၊ ဒါပေမဲ့ ငါတို့ မလုပ်လိုက်နိုင်ဘူး၊ ငါတောင်းပန်ပါတယ်ကွာ”

Parallel Season 2(Completed)Waar verhalen tot leven komen. Ontdek het nu