Cactus

1.1K 48 3
                                    

🌵🌵Cactus (သို့) ဆူးပင်🌵🌵

ကဲ ဒီနေ့တော့ စိတ်၀င်စားမယ်ထင်ကြတဲ့ အပင်လေးနဲ့သူ့ရဲ့ပန်းပွင့်လေးအကြောင်းကိုပြောပြပါ့မယ်။ Cactusလို့ခေါ်တဲ့ ဆူးပင်လေးတွေအကြောင်းပါ။ အိမ်တွေမှာ အိုးလေးတွေနဲ့ထည့်စိုက်ကြတာ၊ လက်ဆောင်ပေးတာမျိုးတွေလုပ်ကြပါတယ်။

Cactusတွေက ပုံစံမျိုးစုံ အရောင်မျိုးစုံရှိတတ်ပါတယ်တဲ့ရှင်။ တချို့အပင်တွေက ပန်းပွင့်ပါတယ်။
သူ့အကြောင်းကတော့ များများစားစားရှာလို့မတွေ့ဘူးရှင့်။ စိတ်၀င်စားဖို့ကောင်းတာလေးတွေပဲပြောပြပါ့မယ်။

Cactusအပင်ရဲ့အဓိပ္ပါယ်က အခက်အခဲများကို တောင့်ခံနိုင်ခြင်း ပါတဲ့။

အပေါ်မှာပြောခဲ့သလို ပန်းပွင့်တဲ့ ဆူးပင်လေးတွေမှာလည်း အဓိပ္ပါယ်ရှိပါတယ်။
ဂျပန်မှာတော့ ဆူးပန်းတွေဟာ ရမ္မက်ကိုရည်ညွှန်းပါတယ်တဲ့ xD ဒါကြောင့် ဆူးပင်တွေကိုပေးတာ ရည်းစားစကားပြောတာနဲ့ တူတူပါပဲတဲ့🤣
ဒါပေမယ့် အနောက်နိုင်ငံအယူအဆမှာကျ သူလေးကဖြူစင်နေပါလေရော🤣 မိခင်ရဲ့ချစ်ခြင်းမေတ္တာ၊ အခက်အခဲများကိုအောင်မြင်ခြင်း စတာတွေဖြစ်ပါတယ်။ ဆိုတော့ကား အဓိပ္ပါယ်ကိုအဆင်ပြေတာယူပြီး ပေးလို့ရပါတယ်တဲ့။

တချို့ကတော့ အနီရောင်ပွင့်တဲ့ cactusပင်တွေကို မွေးနေ့လက်ဆောင်အဖြစ်လည်း ပေးလေ့ရှိကြတယ်လို့ဆိုပါတယ်။

ဆူးပင်တွေဟာ မိုးမရွာသလောက်ရှိတဲ့ကန္တာရတွေမှာတောင် ရှင်သန်နိုင်တဲ့အတွက် သူ့ရဲ့အဓိပ္ပါယ်ကို ခွန်အားလို့လည်း သတ်မှတ်ကြပါတယ်။ ဒါကြောင့် အခက်အခဲတွေကျော်ဖြတ်နိုင်ခဲ့တဲ့ သူငယ်ချင်းတွေကို "မင်းကတကယ့်ကိုသန်မာတာပဲ"ဆိုတဲ့ အဓိပ္ပါယ်နဲ့လည်း ပေးကြပါတယ်။

ဒါမှမဟုတ်ရင် ကိုယ်ကိုယ်တိုင်က အခက်အခဲတွေကြုံနေရတဲ့အချိန်မှာလည်း ဆူးပင်လေးတွေကို ဘေးမှာထားပြီး သူတောင်ရေမရှိပဲကြံ့ကြံ့ခံနိုင်သေးတာ ငါလည်းကြံ့ခိုင်ရမယ်ဆိုပြီး အားတင်းလို့ရပါတယ်တဲ့။

ဒါ့အပြင် ဆူးပင်လေးတွေက အခြေအနေဆိုးတွေမှာတောင်ရှင်သန်နိုင်ပြီး အမေရိကန်အစစ်တွေက အရင်ကဆိုရင် cactusရဲ့အနှစ်နဲ့ အရည်ကို ဒဏ်ရာတွေနဲ့ အစာအိမ်အတွက်သုံးခဲ့ကြပါတယ်။ အဲ့ဒါကြောင့် သူ့ကို သန်မာပြီးကာကွယ်ပေးတတ်တဲ့ မိခင်မေတ္တာနဲ့နှိုင်းကြတာပါတဲ့။

ကိုယ်တကယ်သဘောကျချစ်ခင်ရပြီး ဂရုစိုက်ရတဲ့သူမျိုးကိုလည်း ဆူးပင်လေးတွေပေးလို့ရပါတယ်တဲ့။ "ငါမင်းကို ဂရုစိုက်တယ်"ဆိုတဲ့ ပုံစံလေးနဲ့ပေါ့။

တရုတ်ဖုန်းရွှေပညာမှာဆိုရင် ဆူးပင်တွေကို လသာဆောင်(၀ရန်တာ) သို့  ပြတင်းပေါက်ဘောင်တွေပေါ်မှာထားမယ်ဆိုရင် မကောင်းတဲ့စွမ်းအင်တွေနဲ့ မကောင်းတဲ့ကံတွေကို စုပ်ယူနိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်တဲ့။ ဒါကြောင့် ကိုယ်ကာကွယ်ပေးချင်တဲ့သူကိုလည်း ဒီအပင်လေးပေးလို့ရပါသေးတယ်။
***တစ်ခုသတိပြုရမှာက cactusအပင်အသစ်တွေကိုတော့အိမ်ရှေ့နားမှာမထားပါနဲ့တဲ့။ မကောင်းတာတွေကို ဖိတ်ခေါ်သလိုဖြစ်တတ်တယ်လို့ ဆိုပါတယ်***

cactusမျိုးထဲမှာ လူသိများတာဆိုရင် orchid cactusလို့ခေါ်တဲ့ ကုမုဒြာနဲ့ နဂါးမောက်တို့ဖြစ်ပါတယ်။

ref : www.succulentcity.com

com

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


FlowersWhere stories live. Discover now