ဒီနေ့တော့ စံပါယ်ပွင့်ဖြူဖြုလေးတွေအကြောင်း
ပြောပြပါမယ်။ အနံ့လေးအရမ်းကောင်းပြီး
ပန်းလေးတွေကလည်း ချစ်စရာလေးတွေဆိုတော့
လူကြိုက်များတာတော့ မဆန်းဘူးပေါ့😍
Graceဆို စံပါယ်နံ့ကို အတော်ကြိုက်တယ်။
အနံ့လေးက သင်းသင်းလေးပဲ။တချို့ Gardener
တွေဆိုရင် အိပ်ခန်းပြတင်းရဲ့ အပြင်ဘက်မှာ စံပါယ်ရုံ
တွေစိုက်ဖိုတောင် အကြံပြုကြပါတယ်တဲ့။ပန်းနံ့သင်းသင်း
လေးနဲ့အိပ်ရတာ ဘယ်လောက်မိုက်မလဲနော်။
(တချို့အိမ်တွေဆို စိုက်ထားကြတာ အားကျစရာကြီး)စံပါယ်ကို English လို Jaimineလို့ခေါ်ကြတာ
သိကြမှာပါ။တကယ်တော့ Jasmine ဆိုတာ
Persianစကားဖြစ်တဲ့ "yasmine"ကနေ
ဆင်းသက်လာပါတယ်တဲ့။ "yesmine"ရဲ့
အဓိပ္ပါယ်က "gift from God"
(နတ်ဘုရားရဲ့လက်ဆောင်)တဲ့။စံပါယ်ဟာ Pasktianရဲ့ National flowerပါ။
သူတို့တွေရဲ့ မင်္ဂလာဆောင်နေ့တွေမှာဆိုရင်
စံပယ်နဲ့ နှင်းဆီရောထားတဲ့ ပန်းကုံးတွေကို
ဝတ်ဆင်ကြပါတယ်တဲ့။(ကုလားကားတွေထဲမှာ
မင်္ဂလာဆောင်တဲ့အခန်းပါရင် ဝတ်တဲ့ပန်းကုံးတွေလေ။)
Indonesia မှာလည်း အဲ့ဒီဓလေ့ရှိပါတယ်တဲ့။
ထိုင်းနိုင်ငံမှာဆိုရင်တော့ စံပါယ်တွေဟာ မိခင်၊
လေးစားမှု ၊ အချစ်ကိုဖော်ပြခြင်း စတဲ့အဓိပ္ပါယ်တွေကို
ဆောင်ပါတယ်တဲ့။Philippine မှာတော့ စံပါယ်ပန်းတွေရဲ့ အဓိပ္ပါယ်က
ထာဝရတည်ရှိနေတဲ့ အချစ်တဲ့။United Stateမှာလည်း ထိုနည်းလည်းကောင်းပါပဲ။
Beauty,Love,romance စတဲ့ အဓိပ္ပါယ်တွေရှိပါတယ်။စံပါယ်ဟာ Graceအပေါ်မှာ ပြောခဲ့သလိုပဲ နေရာဒေသပေါ်
မူတည်ပြီး အဓိပ္ပါယ်တွေကွဲပါတယ်။ဒါပေမယ့် ယျေဘုယျ
ခြုံပြီးပြောရမယ်ဆိုရင်တော့ သူ့အဓိပ္ပါယ်က အချစ်နဲ့
ဆက်နွယ်နေပြီး လှပခြင်းလို့လည်း အဓိပ္ပါယ် ယူလို့
ရပါတယ်တဲ့။ဒဏ္ဍာရီတစ်ခုမှာဆိုရင် Tuscanလူမျိုး(အီတလီ အလယ်ပိုင်းမှာ
ရှိတဲ့ Tuscanyဒေသမှာနေထိုင်တဲ့ လူမျိုး) Gardener
တစ်ယောက်က ပါရှန်လူမျိုး ကုန်သည်တစ်ယောက်ဆီကနေ
စံပါယ်တစ်ပင် ရခဲ့တယ်တဲ့။သူက
အဲ့စံပါယ်ပင်ကို ဘယ်သူ့ကိုမှ မခူးခိုင်းဘူးတဲ့။
တစ်နေ့ကျတော့ သူက စံပါယ်ပွင့်တွေနဲ့ ကိုင်းတစ်ခုကို
သူ သဘောကျရတဲ့ မိန်းကလေးကို လက်ဆောင်ပေးလိုက်
သတဲ့။ မိန်းကလေးက စံပါယ်အနံ့ကို သဘောကျသွားတဲ့အတွက်
သူ့ကိုလက်ထပ်ဖို့ လက်ခံလိုက်တယ်တဲ့။
အဲ့ဒါကြောင့် Tuscan ဓလေ့မှာ သတိုသမီးလက်ကိုင်ပန်းမှာ
စံပါယ်တွေကိုပါ ထည့်သွင်းပြုလုပ်တာဖြစ်ပါတယ်တဲ့။(LoL စံပါယ်မှာ ပီယဆေးများသုတ်သွားလားမသိ xD
ဒါဟာ Lengendမို့ မယုံရင်ပုံပြင်မှတ်သဘောပါပဲ။
ကိုယ်လည်းမယုံပါဘူးxP)စံပါယ်ကို lotionတွေ ရေမွှေးတွေ ဆပ်ပြာတွေ စသဖြင့်
နယ်ပယ်အတော်များများမှာ ထည့်သွင်းအသုံးပြုကြပါတယ်။
စံပါယ်လက်ဖက်ရည်ဆိုပြီးတောင် ရှိပါတယ်။
ဒါပေမယ့် အဲ့ဒီစံပါယ်လက်ဖက်ရည်ဆိုတာ တကယ်တော့
စံပါယ်ပန်းခြောက် ကိုရေနွေးဖြောသောက်တာမျိုး မဟုတ်ပါဘူးတဲ့။
လက်ဖက်ရည်ကြမ်းနဲ့ စံပါယ်နံ့ကိုရောထားတာမျိုးပါ။
(ငါ့ကို အဲ့ဒါရောင်းတဲ့လူတွေ ဆဲတော့မယ် xP)
စံပါယ်နံ့ လက်ဖက်ခြောက်ထဲဝင်အောင် ဘယ်လိုလုပ်လဲ
ဆိုရင်တော့ စံပါယ်ဖူးတွေကို လက်ဖက်ရည်ကြမ်းထဲကို
ညပိုင်းမှာ ထည့်လိုက်ပြီး အချိန်ခြောက်နာရီကြာအောင်
စိမ်ထားရပါတယ်တဲ့။အဲ့ဒါမှ စံပါယ်နံ့က လက်ဖက်ရည်ထဲ
အနံ့ဝင်ပါတယ်တဲ့။ တစ်ခုသတိထားရမှာက
စံပါယ်ရွက်က စားသုံးလို့ မသင့်တာမို့ လက်ဖက်ရည်ထဲ
ထည့်သွင်းအသုံးမပြုသင့်ပါဘူးတဲ့။ဒါနဲ့ ဇွန်ပန်းရဲ့ နာမည်က small jasmineတဲ့။
.....
Source:www.flowermeaning.com
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....