မြေပြင်ပေါ်မှာလည်း ကြယ်လေးတွေရှိတယ်......
ကြယ်တွေကြွေရင် ဘာဖြစ်သလဲ...ပန်းတွေဖြစ်တတ်သလား။အင်း...အသေအချာတော့ မပြောတတ်ပေမယ့် Asterလို့ခေါ်တဲ့ပန်းလေးကတော့ မြေပြင်ပေါ်ကို ကြယ်လေးတွေကြွေနေသလား ထင်မှတ်ရအောင် ကြယ်လေးတွေနဲ့ ပုံစံဆင်တယ်လို့ အများစုက တင်စားပြောဆိုကြပါတယ်။ တကယ်တော့ Asterဆိုတာ ကိုယ်တို့နိုင်ငံနဲ့လည်းသိပ်မစိမ်းပါဘူး။ Asterမျိုးနွယ်ထဲက ပန်းတစ်မျိုးကိုဆိုရင် မေမြို့ပန်းလို့တောင် ခေါ်ကြပါတယ်တဲ့ရှင်။ ပြီးတော့ ကြယ်ပန်းဆိုပြီး မေမေတွေ ဘုရားပန်းအိုးထိုးဖို့၊ ပန်းအိုးထိုးဖို့ ၀ယ်လာတတ်တဲ့ ပန်းသေးသေးလေးတွေကလည်း Asterပါပဲ။Asterဆိုတဲ့ စကားလုံးက Greekစကားလုံးဖြစ်တဲ့ astron က ဆင်းသက်လာခဲ့တာပါ။ အဓိပ္ပါယ်က ကြယ် တဲ့။ ဒါ့အပြင် နာမည်လေးလဲ လှသလို အဓိပ္ပါယ်လည်းလှတဲ့ပန်းလေးပါ။ အဓိပ္ပါယ်က "အချစ် ၊ စိတ်ရှည်သည်းခံမှု" တဲ့။
Victorian Eraမှာတုန်းက တော့ " ကျော့ရှင်းတဲ့အလှ ၊ နူးညံ့တဲ့အလှ"လို့ အဓိပ္ပါယ်မှတ်ယူကြပါတယ်။asterပန်းတွေကseptemberလရဲ့
မွေးလပန်းဖြစ်ပြီး အနှစ်၂၀မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ရဲ့အထိမ်းအမှတ်ပန်းပါတဲ့။
September bornတွေကို ပေးလို့ကောင်းတာပေါ့။Asterကအချစ်နတ်ဘုရားမVenusရဲ့ အမှတ်အသားပန်းလည်းဖြစ်ပါတယ်။
Asterနဲ့ ပတ်သတ်တဲ့ ဒဏ္ဍာရီလေးတစ်ခုလည်းရှိပါတယ်။ Astraea လို့ အမည်ရတဲ့ နတ်ဘုရားမတစ်ပါးဟာတစ်နေ့မှာ ကောင်းကင်မှာ
ကြယ်တွေကိုမတွေ့ရလို့ဝမ်းနည်းပြီးငိုကြွေးပါသတဲ့။သူမမျက်ရည်စက်တွေကျတဲ့နေရာမှာ ကြယ်ပုံသဏ္ဍာန်Asterပန်းတွေပေါ်လာပါတယ်တဲ့.....
ဒါကြောင့် Asterဆိုတဲ့နာမည်ရဲ့အဓိပ္ပါယ်က "ကြယ်" ဆိုပြီးဖြစ်နေရခြင်းပါ။
(သူကဒဏ္ဍာရီမူကွဲတွေအများကြီးရှိပါတယ် )Asterမှာ အရောင်ပေါ်မူတည်ပြီး အဓိပ္ပါယ်ကွဲပြားပါသေးတယ်။
အဖြူရောင်လေးကတော့ ထာ၀ရအချစ်တဲ့။
ခရမ်းရောင်ကတော့ ဥာဏ်ပညာကြီးခြင်းကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အချစ် နဲ့ အသက်ကို မင်းပဲ ပိုင်ပါတယ် လို့လည်းပြောလို့ရပါသေးတယ်တဲ့ရှင်။
အနီရောင်တွေကတော့ ပြင်းပြတဲ့ချစ်ခြင်းကို ကိုယ်စားပြုပြီး ပန်းရောင်ကတော့ နူးညံ့တဲ့အချစ်ကို ကိုယ်စားပြုပါတယ်။
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....