ဒီနေ့တော့ အားလုံးသိချင်နေကြတဲ့ ချယ်ရီပန်းအကြောင်းကိုပြောပြပါ့မယ်။ မြန်မာ နဲ့ အခြားနိုင်ငံတွေမှာတော့ချယ်ရီလို့ခေါ်ပြီး ဂျပန်မှာတော့ Sakura (ဆာကူရာ)
လို့ခေါ်ပါတယ်။ ချယ်ရီတွေဟာ အာရှတိုက် nativeပါ။ဂျပန်၊ကိုရီးယား တရုတ် စတဲ့နိုင်ငံတွေမှာ အများဆုံးတွေ့ရပြီး
အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးလိုလိုမှာ တွေ့နေရပါပြီ။ချယ်ရီတွေက လှပေမယ့် ပွင့်တဲ့သက်တမ်းကတော့အတော်လေးကိုတိုပါတယ်တဲ့။စပွင့်တဲ့အချိန်ကစပြီး
နှစ်ပတ်လောက်ကြာတာနဲ့ အကုန်ကြွေပါတယ်။သူက ပွင့်ပြီးညှိုးတာနဲ့တန်းကြွေတယ်လို့လည်း
ကြားဖူးပါတယ်။ချယ်ရီပွင့်တွေရဲ့ အဓိပ္ပါယ်တွေက နည်းနည်းတော့များတယ်။
အားလုံးခြံပြောရင် နုပျိုခြင်း၊ပြန်လည်မွေးဖွားခြင်း၊Beauty of life
(ဘဝရဲ့အလှတရား)၊Fragility (ကဗျာဆန်ဆန် translateရမယ်ဆိုရင်တော့နူးညံ့ပဲ့ကြွေလွယ်ခြင်းပေါ့။ ဒါပေမယ့် Fragilityရဲ့
တကယ့်မူရင်းအဓိပ္ပါယ်က ထိလိုက်တာနဲ့ကျိုးသွားနိုင်တာမျိုးကို
ဆိုလိုချင်တာ။ )
ပြီးတော့ သူ့ရဲ့အဓိပ္ပါယ်က ဂျပန် နဲ့ တရုတ်မှာဆိုအတော်ကွဲတယ်တဲ့။(အဲ့ဒါကိုအောက်မှာဆက်ရှင်းပေးပါ့မယ်။)Floral languageမှာဆိုရင်တော့
သူ့ရဲ့အဓိပ္ပါယ်က "အောင်မြင်ခြင်း(သို့)လှပတဲ့နှလုံးသား"တဲ့။ချယ်ရီလို့ပြောလိုက်တာနဲ့ ဂျပန်နိုင်ငံကို ပြေးမြင်မိကြမှာပါ။ဂျပန်နိုင်ငံမှာတော့ ချယ်ရီမျိုးကွဲမှန်သမျှကိုလည်းဆာကူရာလို့ပဲခေါ်ကြပါတယ်တဲ့။ပြီးတော့ ချယ်ရီဟာ ဂျပန်ရဲ့National flowerမဟုတ်ပေမယ့်လည်း ချယ်ရီနဲ့ပတ်သတ်ရင်တော့ဂျပန်တွေက အတော်လေးအလေးထားတာတွေ့ရပါတယ်။
Japanမှာ cherryတွေနဲ့ပတ်သတ်ပြီး
Hanamiလို့ခေါ်တဲ့ ဓလေ့လေးတစ်ခုရှိပါတယ်။အဲ့ဒါက ဘာလဲဆိုတော့ ချယ်ရီပွင့်ချိန်ရောက်တိုင်းပျော်ပွဲစွားတွေထွက်ကြရင်း ချယ်ရီတွေကြည့်ကြတာပါတဲ့။ဂျပန်မှာ ချယ်ရီတွေနဲ့ပတ်သတ်တဲ့ ပုံပြင်တစ်ပုဒ်ရှိတယ်။ဟိုးအရင်တုန်းက Samurai(ဆာမူရိုင်း)တစ်ယောက်ရဲ့ခြံဝင်းထဲမှာ နှစ်တစ်ရာခန့်သက်တမ်းရှိတဲ့ ချယ်ရီတစ်ပင်
ရှိတယ်တဲ့။အဲ့ဒီSamurai အသက်ကြီးလာတာနဲ့အမျှချယ်ရီပင်ကလည်း သက်တမ်းရင့်လာပြီး သေတော့မလို
ဖြစ်လာတယ်။အဲ့ဒါကြောင့် Samuraiက ချယ်ရီပင်အတွက် စိတ်မကောင်းဖြစ်မိတယ်။သူက သတ္တိရှိပြီးလေးစားထိုက်တဲ့သူဖြစ်တာကြောင့် ချယ်ရီပင်ရဲ့အသက်နဲ့
သူ့အသက်ကိုလဲဖို့့်ဆုံးဖြတ်လိုက်ပြီး ချယ်ရီပင်အောက်မှာသူ့ကိူယ်သူ သတ်သေလိုက်တယ်။ သူသေပြီးတစ်နာရီအကြာ
လတစ်လရဲ့ ဆယ့်ခြောက်ရက်မြောက်နေ့မှာ ချယ်ရီပင်ကပြန်ရှင်သန်လာပြီး အပွင့်တွေပွင့်လာတယ်တဲ့။
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....