အဝါရောင်Daffodil ပန်းလေးတွေကိုတော့မမြင်ဖူးရင်တောင်နာမည်တော့ကြားဖူး ရင်းနှီးဖူးမယ်ထင်ပါတယ်။ မြန်မာလိုဆိုရင်တော့ ရေနတ်သမီးပန်းလို့ ခေါ်ကြတယ်တဲ့။
Daffodil လို့ပြောလိုက်ရင်Stateကျောင်းတုန်းက သင်ခဲ့ဖူးတဲ့ William Wordsworth ရဲ့ I wondered lonely as a Cloud ကဗျာထဲကလေယူရာယိမ်းနေတဲ့ရွှေအိုရောင်Daffodil ပန်းခင်းကြီးကိုပြေးမြင်ကြမယ့်သူများမှာပါ။ ဒါ့အပြင် "Big Fish" ဇာတ်ကားထဲက Daffodilပန်းခင်းကြီးကလည်း တခမ်းတနားပဲကိုးရှင့်။
တကယ်တော့ Daffodil ဟာ မတ်လရဲ့ပန်းပါ။ဒီပန်းဟာနွေဦးကိုရောက်ရှိလာခြင်းရဲ့သင်္ကေတလည်းဖြစ်ပါတယ်။ 10နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ရဲ့အမှတ်အသား ပန်း လို့လည်းသတ်မှတ်ကြပါသေးသတဲ့။
Daffodilအပြင်Narcissus , Jonquil , Paperwhite လို့လည်းခေါ်ဆိုကြပါသေးတယ်။ ( daffodil family ထဲက မျိုးကွဲလေးတွေပါ။ ပန်းပုံစံကတော့ခပ်ဆင်ဆင်လေးတွေပါပဲ။)Narcissus ဆိုတဲ့နာမည်ဟာဂရိဒဏ္ဍာရီတစ်ခုကနေဆင်းသက်လာခဲ့တာဖြစ်ပါတယ်။
Narcissus ဟာမြစ်နတ်ဘုရားCephissusရဲ့သားတော်တစ်ပါးေပါ့။ သူဟာသိပ်ကိုမာနကြီးပြီး အရမ်းလည်းချောမောပါတယ်တဲ့။ ဘယ်နတ်ဘုရားမကိုမှစိတ်မဝင်စားတဲ့အပြင်သူ့ကိုလာကြိုက်တဲ့သူတွေကိုလည်းအရမ်းအထင်သေးတဲ့သူပေါ့။ တစ်နေ့တော့ဒီအကြောင်းကိုသိသွားတဲ့ Nemesis( goddess of divine retribution and revenge) ဟာ သူ့ကိုပညာပေးဖို့ရေအိုင်တစ်အိုင်ကိုခေါ်ဆောင်သွားခဲ့တယ်တဲ့။ အဲ့ဒီမှာပဲသိပ်ကိုချောမောတဲ့ Narcissus
ဟာရေအိုင်မှာထင်နေတဲ့သူ့အရိပ်ကို သူမှန်းမသိပဲသူ့အရိပ်ကိုသူပြန်ချစ်မိသွားတော့သတဲ့။
သူဟာသူ့အရိပ်ကိုမခွဲနိုင်မခွာရက်နဲ့ တသသစွဲလမ်းသွားတဲ့Narcissusတစ်ယောက် ရေကန်ကနေ တစ်ဖဝါးမှမခွာနိုင်ရှာပဲ မစားနိုင် မသောက်နိုင် မအိပ်နိုင်တွေဖြစ်ပြီး သေဆုံးသွားပါတော့တယ်။သူသေဆုံးသွားတာနဲ့တစ်ပြိုင်နက် သူ့အရိပ်ကိုသူပြန်ကြည့်ခဲ့တဲ့နေရာမှာပန်းတွေပွင့်လာကြတယ်တဲ့။
အဲဒီပန်းတွေကိုNarcissusလို့ခေါ်တယ်။
ဒါကြောင့်Daffodil ကို မာနကြီးတဲ့ပန်းလို့လည်းဆိုကြတာပေါ့။ ရနံ့သင်းသင်းလေးမွှေးသတဲ့။ အေးတဲ့ဒေသတွေမှာပေါက်ရောက်သတဲ့။
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....