ဟောဒီခရမ်းရောင် အလှလေးတွေနာမည်က Agapanthusတဲ့။ Lily Of The Nile လို့လည်းခေါ်ကြတယ်။ Agapanthusရဲ့ နာမည်က ဂရိစကားလုံး agape နဲ့ anthosဆိုတဲ့ စကားလုံး၂လုံးကိုပေါင်းထားတာတဲ့။ အဓိပ္ပါယ်က "အချစ်ပန်းပွင့်" တဲ့။ ဒါကြောင့် အချိန်တွေအကြာကြီးချစ်သွားမယ် ဆိုတဲ့ အဓိပ္ပါယ်လည်းရပါတယ်တဲ့ရှင်။ ဂျပန်siteတစ်ခုမှာတွေ့မိတာကတော့ အချစ်ကိုစကားနဲ့မပြောပြတတ်ရင် ဒီပန်းကိုသုံးပြီး ရည်းစားစာပေးတတ်ကြပါတယ်တဲ့။ love letterဆိုတဲ့ အဓိပ္ပါယ်ကို ယူပြီးတော့ပါ။
တကယ်က တအားသဘောကျနေလို့လာတင်တာ။ အမလေး လှလိုက်တဲ့ ခရမ်းလေးတွေ အူး၀ါး😭
သူက အဖြူ၊ ပန်းရောင် ၊ ခရမ်းဆိုပြီးရှိတာ။
ပုံတွေက ဂျပန် ဖိုတိုဂရပ်ဖာတွေဆီက မလာတာ ဟဲဟဲ....fully credit to original photo owners
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....