ဒီနေ့တော့ Graceက မြန်မာမှာသိပ်မသိပေမယ့်
ထူးထူးဆန်းဆန်း ဒဏ္ဍာရီရှိတဲ့ ပန်းတစ်မျိုးနဲ့မိတ်ဆက်
ပေးပါ့မယ်။ နာမည်ကတော့ Hyacinth လို့ခေါ်ပါတယ်။
ခေါင်းလောင်းပုံစံ ပန်းပွင့်လေးတွေနဲ့ပါ။ အနံ့ကောင်းတယ်လို့
ဆိုကြပါတယ်။အရောင်တွေကတော့ ခရမ်း အပြာ အနီ အဝါ
အဖြူရောင် ဆိုပြီးရှိပါတယ်။ခရမ်းက ပိုနာမည်ကြီးပါတယ်။Hyacinth ဆိုတဲ့နာမည်က "jacinth"လို့ခေါ်တဲ့
စာလုံးတစ်လုံးက ဆင်းသက်လာပါတယ်တဲ့။
သူ့ရဲ့အဓိပ္ပါယ်က "အပြာရောင်ကျောက်အရိုင်းတုံး"တဲ့။
ဒါ့အပြင် Hyacinth လို့ခေါ်တဲ့ နာမည်ဖြစ်ပေါ်လာပုံရဲ့
နောက်ကွယ်မှာ ဒဏ္ဍာရီခပ်ဆန်းဆန်းလေးတစ်ပုဒ်လည်း
ရှိနေပါသေးတယ်။(LGBT character တွေနဲ့ပါ :3)ဂရိဒဏ္ဍာရီမှာ "Hyakinthos"လို့ အမည်ရတဲ့
ချောမောလှပတဲ့ မင်းသားတစ်ပါးဟာ နေနတ်မင်းApollo
ရဲ့ ချစ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် Hyakinthos
ကို Zephyr လို့အမည်ရတဲ့ နတ်မင်း(God of west wind)
တစ်ပါးကလည်း ချစ်ခင်စုံမက်နေပါတယ်။ဒါပေမယ့် Hyakinthos
က သူ့ကိုနှစ်သက်တဲ့သူတွေအများကြီးကြားကမှ Apolloကို
ရွေးချယ်ခဲ့တာကြောင့် Zephyrဟာ Apolloကို မကျေနပ်ပါဘူး။
Apolloဟာ သူ့ချစ်သူကို အတော်လေးချစ်ပြီး ကဗျာတွေ
စာပေတွေ လေးမြှားအသုံးပြုပုံတွေကို သင်ပေးတတ်ပါတယ်။
တစ်နေ့မှာ Apolloနဲ့ သူ့ချစ်သူကို သံပြားပစ်ပုံ
သင်ပေးရင်း Apolloကသံပြားကို အစမ်းပစ်ပြလိုက်ပါတယ်။
နဂိုကတည်းက Apolloကိုမုန်းနေတဲ့ Zephyrက အဲ့ဒါကိုမြင်တော့
လေတွေအများကြီးကို မှုတ်ထုတ်ပြီး သံပြားကို Apolloဆီထိမှန်အောင် လုပ်လိုက်ပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ သံပြားဟာ
Apolloကိုမထိပဲ Hyakinthos ကိုထိမှန်ပြီး အဲ့ဒီနေရာမှာပဲ
သေဆုံးသွားပါတော့တယ်။ Apolloကတော့ သိပ်ကိုကြေကွဲသွားခဲ့ရတာပေါ့။ အဲ့ဒီအချိန်မှာပဲ Hyakinthosရဲ့ သွေးစက်တွေကျတဲ့နေရာမှာ ပန်းပင်လေးတစ်ပင် ထွက်ပေါ်လာခဲ့တာကို Apollo သတိပြုမိ
သွားခဲ့ပါတယ်။ သူ့ချစ်သူရဲ့သွေးစက်ကျခဲ့တဲ့နေရာမှာ ပွင့်လန်းလာခဲတဲ့ ပန်းတစ်ပွင့်ဖြစ်တာမို့ Hyacinth လို့ အမည်မှည့်ခေါ်စေခဲ့ပါတယ်တဲ့။(သူက မူကွဲတွေရှိပါတယ်။Graceက အဆင်ပြေတာလေးကို
ထည့်ရေးပေးလိုက်ပါတယ်ရှင်။)
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....