Gladious

1.6K 68 1
                                    

💐 သစ္စာပန်း 💐

ကဲ ဒီလက Augustလဆိုတော့ Augustလမှာ မွေးတဲ့သူတွေအတွက် မွေးလပန်းဖြစ်တဲ့ သစ္စာပန်းအကြောင်းကို ပြောပြပေးသွားပါမယ်ရှင်။ ( Augustလရဲ့ပန်းက Poppyလို့လည်းပြောကြပါသေးတယ်။ ရေးပြီးသားရှိပါတယ်။ ပေ့ထဲမွှေလိုက်ကြပါရှန်😗)

သစ္စာပန်းကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်လို့ အထူးတလည်ရှင်းပြနေဖို့တော့ မလိုတော့ပါဘူးရှင်။ englishလို ဆိုရင်တော့ Gladiolusလို့ခေါ်ပါတယ်။ scientific nameကလည်း ဒါပါပဲတဲ့။ သစ္စာပန်းတွေကို Sword flowers သို့မဟုတ် Sword lilyလို့လည်းခေါ်ကြပါသေးတယ်။ ဘာလို့လဲဆိုတော့ ပန်းပုံသဏ္ဍာန်က ဓားနဲ့တူလို့ပါတဲ့။ ပေးတဲ့သူက အပေးခံရတဲ့သူရဲ့ နှလုံးသားကို အချစ်တွေနဲ့ထိုးစိုက်မယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပေးကြပါတယ်တဲ့ရှင်။

ဟိုးအရင်တုန်းကတော့ Gladiolusကို xiphiumလို့ခေါ်ပါတယ်တဲ့။ Xiphosဆိုတဲ့ ဂရိစကားက ဆင်းသက်လာတာပါ။ အဓိပ္ပါယ်က ဓား တဲ့။ နောက်ပိုင်းတော့ Latin စာလုံးဖြစ်တဲ့ gladius ဆိုတဲ့စကားလုံးကိုယူပြီး gladiolusလို့ ပြောင်းလဲ​ေခါ်​ေ၀ါ်ခဲ့ပါတယ်။အဓိပ္ပါယ်ကလည်း ဓားပါပဲ။

သစ္စာပန်းရဲ့အဓိပ္ပါယ်တွေကတော့ အများသားရှင့်။ ရိုးသားခြင်း၊ အရူးအမူးစွဲလမ်းခြင်း ၊ သစ္စာ ၊ ဘယ်တော့မှ အရှုံးမပေးနဲ့ ဆိုတဲ့ အဓိပ္ပါယ်တွေကို ဆောင်ပါတယ်။ နောက်တစ်မျိုးကတော့ သတိရခြင်း တဲ့။

ကိုယ်လေးစားရတဲ့သူတွေကိုပေးလို့ကောင်းတဲ့ လက်ဆောင်လည်းဖြစ်ပါတယ်တဲ့ရှင်။ ဒါ့အပြင် စိတ်ရင်းနဲ့မြတ်နိုးတဲ့သူ၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပေးနိုင်ပါတယ်တဲ့။ romantic wayပဲ ဖြစ်ဖြစ် ဖြူဖြူစင်စင်ပဲပေးပေး အိုကေတဲ့ပန်းပါ။
အရောင်ပေါင်းစုံရှိတာမို့ အရောင်အလိုက်အဓိပ္ပါယ်တွေလည်းကွဲပါသေးတယ်။

အ၀ါကတော့ ထုံးစံအတို်င်း ပျော်ရွှင်မှု၊ friendshipတွေကို ကိုယ်စားပြုပါတယ်။
အဖြူကတော့ ဖြူစင်ခြင်းကို ကိုယ်စားပြုပြီး မင်္ဂလာဆောင်တွေမှာ သုံးလေ့ရှိပါတယ်တဲ့။
ခရမ်းကတော့ ကျက်သရေရှိခြင်း၊ လျှို့၀ှက်ဆန်းကြယ်ခြင်းတွေကိုကိုယ်စားပြုပြီး
အနီကတော့ အချစ်ကို ကိုယ်စားပြုပါတယ်တဲ့ရှင်။

FlowersWhere stories live. Discover now