Allium

1K 36 3
                                    
Allium
~~~~~~~~~

Alliumဆိုတာ အခုပုံထဲက ခရမ်းရောင်လုံးလုံးလေးတွေ။ ဘောလုံးပန်းလို့ဒီမှာခေါ်သလားမသိ။ (မသေချာ)
တခြားနိုင်ငံတွေမှာတော့ alliumကို အလှစိုက်ကြက်သွန်လို့ ခေါ်ကြတယ်။  Alliumဆိုတဲ့နာမည်က ဂရိလို ကြက်သွန်ဖြူလို့အဓိပ္ပါယ်ရတဲ့စာလုံးက ဆင်းသက်လာတာပေါ့။ ပြီးတော့ သူက ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ leek စတဲ့ကြက်သွန်မျိုးနွယ်တစ်ခုလုံးရဲ့ genus name ဆိုလည်းဟုတ်တယ်။ ဆိုလိုချင်တာက ကြက်သွန်မျိုးနွယ်ထဲက ပန်းပွင့်တဲ့မျိုးတစ်ခုကပန်းပေါ့ရှင်။ ကြက်သွန်ပန်းပဲထားပါတော့။ အမျိုးအစားလည်းစုံသလို အရောင်လည်းစုံတယ်။ အဖြူ၊ အ၀ါ၊ အပြာ၊ ခရမ်း၊ ပန်းရင့် စသဖြင့်ပေါ့။ သူက နွေရာသီမှာပွင့်တဲ့ပန်းပါ။

ကျန်တာတွေက ပညာရပ်ဆိုင်ရာတွေမို့ ကျော်ခဲ့မယ်နော်။ မသိပဲ လျှောက်ရေးနေတာထက်စာရင် ဘာမှမရေးပဲနေလိုက်တာက ပိုကောင်းတယ်ထင်လို့ :3 သေချာလေ့လာနေတဲ့သူတွေအတွက်ကျ အနှောက်အယှက်ဖြစ်မှာစိုးလို့ပါ။
pageရဲ့ အဓိက themeဖြစ်တဲ့ ပန်းအဓိပ္ပါယ်တွေကိုပဲ အဓိက ပြောကြတာပေါ့ရှင်။

သူ့ရဲ့အဓိပ္ပါယ်က ကံကောင်းခြင်းတဲ့။  တစ်ယောက်ယောက်ကို မင်း ကံကောင်းပါစေလို့ပြောချင်တဲ့အခါပေးလေ့ရှိကြပါတယ်တဲ့။ အခုမှ လုပ်ငန်းတွေဘာတွေစတဲ့သူတွေအတွက်လည်းပေးဖို့
အဆင်ပြေပါတယ်။

သူ့ရဲ့နောက်အဓိပ္ပါယ်တစ်ခုက စည်းလုံးခြင်း။ ဘာလို့ဒီအဓိပ္ပါယ်ရလဲဆိုတော့ သူ့ကို အပေါ်မှာပြောခဲ့သလို ornamental onion (အလှစိုက်ကြက်သွန်)လို့ ခေါ်ကြတယ်။ Onion (ကြက်သွန်နီ)ဆိုတာ လက်တင်စကားဖြစ်တဲ့ "Onio" ဆိုတဲ့စာလုံးကဆင်းသက်လာတာ။ အဓိပ္ပါယ်ကစည်းလုံးခြင်းတဲ့။ ကြက်သွန်နီဆိုတာမျိုးက bulb တစ်ခုတည်းကနေပြီးမှ အမြိတ်တွေအများကြီးထွက်တာကိုး။

နောက်အဓိပ္ပါယ်တစ်ခုကတော့ စိတ်ရှည်ခြင်း။ အကြောင်းကတော့ allium flowerက ကြီးထွားဖို့ အချိန်ယူရလို့ပါတဲ့။

သူ့ရဲ့အနံ့က ကောင်းတယ်လို့လဲပြောကြပါတယ်။

note : မျှင်မျှင်တစ်ကောင် အဆဲခံနေရသဖြင့် ဘောလုံးလေးလိုနေရန်အလို့ငှာ ဘောလုံးလေးလို ပန်းလုံးလုံးလေးအကြောင်းကို တင်ဆက်ပေးလိုက်ရပါတယ်ရှန် :3

photo credit to rightful owners📷

photo credit to rightful owners📷

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

FlowersWhere stories live. Discover now