ဒေစီ (Daisy)

7.4K 403 11
                                    

❀❀Daisy❀❀

ဒေစီ လို့ပြောလိုက်ရင်
အဖြူရောင်ပွင့်ဖတ်လေးတွေနဲ့
အလယ်မှာအဝါရောင်ဝတ်ဆံလေးတွေပါတဲ့
ချစ်စရာပန်းသေးသေးလေးတွေကို မြင်မိကြမှာပါ။လူသိများတဲ့ပန်းမို့ အားလုံးနဲ့စိမ်းမယ်လည်း
မထင်ပါဘူး။Asteraceae မျိုးနွယ်ဝင်ပန်းတစ်မျိုးပါ။Aster တို့ နေကြာတို့နဲ့
မျိုးနွယ်တူလို့ ပြောလို့ရပါတယ်။
Daisyတွေကို မြောက်အမေရိက၊ဥရောပနဲ့
အာဖရိကတိုက်အပါအဝင်ကမ္ဘာ့နေရာအနှံ့အပြားမှာရှာဖွေတွေ့ရှိနိုင်ပါတယ်တဲ့။
Shasta daisy, African daisy and gerbera daisyတွေကတော့ ကျော်ကြားတဲ့ဒေစီအမျိုးအစားတွေပေါ့။ ဒေစီကအမျိုးအစားအများကြီးရှိပြီး သူ့အမျိုးအစားပေါ်မူတည်ပြီးစိုက်ရတာလည်းကွာတယ်။ ဒါပေမယ့် နေရောင်ကြိုက်ပြီးအရမ်းပွားတယ်လို့တော့သိရတယ်။

Daisyဆိုတဲ့နာမည်ကတော့
"Day's eye"လို့အမည်ရတဲ့ ရှေးဟောင်း
Englishစာလုံးတစ်ခုက ဆင်းသက်လာတယ်လို့ဆိုပါတယ်။
ဘာလို့Day's eyeလို့ပြောလဲဆိုရင်
ပန်းတွေဟာ နေ့ခင်းနေရောင်အောက်မှာပဲ ပွင့်ပြီး ညနေဆို ပြန်ငုံသွားတတ်လို့ပါ။
ပြီးတော့ "fresh as a daisy"ဆိုတ​ဲ့ အင်္ဂလိပ်စကားစုလေးရှိတယ်။ သူက ညဖက်မှာကောင်းကောင်းအိပ်ပျော်ခဲ့ပြီးမနက်မှာလန်းဆန်းနေတာမျိုးကိုရည်ညွှန်းတာပေါ့။ ဘာလို့ဆိုဒေစီတွေကကျဆို အိပ်ပြီး မနက်ကျမှ ပြန်ပွင့်လန်းတာကိုး။

Daisyတွေဟာ Sweet Pea(ပဲပန်း/ပဲလိပ်ပြာပန်း) နဲ့အလားတူစွာပဲ April ရဲ့မွေးလပန်းလည်း ဖြစ်ပါတယ်။

လက်ရှိမျက်မှောက်ခေတ်မှာတော့ Daisyတွေကနေကိုကိုယ်စားပြုတယ်လို့လည်းဆိုကြပါတယ်။ဘာလို့ဆို သူတို့ရဲ့ပုံစံက ကြယ် ဒါမှမဟုတ် နေနဲ့တူလို့တဲ့။

Daisyမှာမှ အမျိုးမျိုးကွဲပါသေးတယ်။
၀ိတိုရိယခေတ်တုန်းကတော့ Daisy
အမျိုးအစားတစ်ခုချင်းအလိုက် ကွဲပြားတဲ့အဓိပ္ပါယ်တွေရှိတတ်ကြပါတယ်။

Daisyအားလုံးကိုခြုံပြီးယူမယ်ဆိုရင်တော့
ဖြူစင်ခြင်း၊ သန့်စင်ခြင်း၊ အသစ်တစ်ဖန်ပြန်လည်စတင်ခြင်း" လို့အဓိပ္ပါယ်ရပါတယ်။ "အချစ်စစ်" ကိုလည်းကိုယ်စားပြုသေးသတဲ့။
သူက wild flowerပုံစံဖြစ်နေပေမယ့် အကောင်းဖက်ကို ပိုပြီးအားသာတဲ့ပန်းမျိုးပေါ့။

FlowersWhere stories live. Discover now