အိုင့်ရဲ့ Book cover က ပန်း😆
Cosmos ပန်းတွေက လူတိုင်းသဘောကျရတဲ့ ပန်းလေးတွေပါ။အဓိပ္ပါယ်လေးလည်း အရမ်းလှတယ်လို့ပြောရင်လဲ မမှားဘူးပေါ့ရှင်။
Mexico native ဖြစ်တဲ့ Cosmos ပန်းလေးတွေက flower of the year 2016 ပါ။
ပန်းပုံစံက Dasiy ပန်းနဲ့ဆင်ပါတယ်။ မျိုးရင်းကတော့ Sunflower family ဖြစ်တဲ့ Asteraceae ပါ။ သူ့ကို တစ်ချို့က Mexican Aster လို့လဲခေါ်ပါတယ်။Cosmos ဆိုတဲ့ စကားလုံးက 'Orderly' ဒါမှမဟုတ် ' Ornamental ' လို့အဓိပ္ပာယ်ရတဲ့ "kormos" ဆိုတဲ့ ဂရိစကားလုံးက လာပါတယ်။ "The world " ဒါမှမဟုတ် " Universe " လို့လဲအဓိပ္ပာယ်ရပါတယ်တဲ့။
Cosmos ပန်းတွေက အရောင်တော်တော် စုံပါတယ်။ ပန်းရောင် ၊ အဖြူရောင် လိုမျိုး အရောင်ငြိမ်ငြိမ်လေးတွေရှိသလို အနီရောင်၊ အဝါရောင် ၊ လိမ္မော်ရောင် တို့လိုမျိုး အရောင်တောက်တောက်လေးတွေလဲ ရှိပါတယ်နော်။ အဲ့ထဲမှာမှ နာမည်အကြီးဆုံးက နီညိုရောင် chocolate cosmos ။ Chocolate cosmos လို့ခေါ်တာကတော့ သူ့ရဲ့အနံ့က ချောကလက်အနံ့လေးရှိလို့ပါတဲ့ ။ တခြားအရောင်တွေကတော့ Vanilla အနံ့လိုမျိုး
သင်းသင်းလေး။Cosmos ပန်းလေးကို 'love flower ' လို့တင်စားကြပါတယ်။ တစ်စုံတစ်ဦးရဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေကို ဖော်ပြရာမှာ Cosmos ပန်းလေးကို သုံးတတ်ပါတယ်။ Valentine's day မှာ cosmos ပန်းလေးကို ပေးမယ်ဆိုရင်တော့ 'ငါ့နဲ့အတူလက်တွဲပြီး ဘဝခရီးလမ်းကို ဖြတ်သန်းကြမယ်လို့ အဓိပ္ပာယ်ရပါတယ်။ Chocolate cosmos ကတော့ 'ငါမင်းကို တခြားသူတွေထက် ပိုချစ်နိုင်တယ်' လို့အဓိပ္ပာယ်ရှိပါတယ်။
Cosmos ပန်းတွေကို အရေပြားရောဂါအချို့အတွက် သုံးလို့ရပါတယ်။ Mexico မှာဆိုရင်တော့ ငှက်ဖျားရောဂါ ကုသတဲ့နေရာမှာလဲ သုံးတတ်ပါတယ်။ အရွက်သုတ်တွေမှာလဲ သုပ်စားတတ်ပါတယ်။
ဥယျာဉ်တွေမှာတော့ တစ်ခါတလေ ပိုးကောင်ပိုးမွှားတွေကို ဆွဲဆောင်တာမှာ သုံးတတ်ပါတယ်တဲ့။Cosmos ပန်းက ဓာတ်ပုံရိုက်တဲ့သူတွေ တော်တော်သဘောကျကြပါတယ်။ စုံလင်တဲ့အရောင်တွေနဲ့ သေးမျှင်တဲ့ အရွက်လေးတွေ ၊ သင်းပျံ့တဲ့ရနံ့တွေကြောင့် Cosmos ပန်းတွေက လူတွေရဲ့ သဘောကျခြင်းကို အတော်ခံရပါတယ်။ Cosmos ပန်းတွေကို ကြည့်ရတာ ငြိမ်းချမ်းတယ်လို့လဲ ပြောကြပါတယ်။ နေရောင်ခြည်ဖျဖျ ဖြာကျတတ်တဲ့ နွေဦးအချိန်လေးမှာဆို Cosmos ပန်းခင်းထဲ လှဲနေရတာက တကယ့်ကို သုခဘုံပါတဲ့။
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....