Chrysanthemum

2.8K 127 9
                                    

🌸🌸 Chrysanthemum🌸🌸

Chrysanthemum လို့ခေါ်တဲ့ ဂန္ဓာမာပန်းလေးတွေက
မြန်​မာမှာ​တော့ ရင်းနှီးပြီးသားဖြစ်​မှာပါ။
နိုဝင်ဘာလရဲ့ပန်းဖြစ်တဲ့ဂန္ဓမာတွေကို 'mums' ဒါမှမဟုတ် 'chrysanths' လို့အလွယ်ခေါ်လေ့ရှိပြီး ဂရိဘာသာစကား 'Khrusos' နဲ့ 'Anthemon' ကဆင်းသက်လာတာပါ။ Khrusos က 'gold' လို့အဓိပ္ပာယ်ရတာဖြစ်ပြီး Anthemon ကတော့ 'flower' ပါ။

ဂန္ဓမာကိုအရင်ဆုံးစိုက်ပျိုးခဲ့တဲ့သူတွေကတော့ တရုတ်နဲ့ဂျပန်ပါ။
ဂျပန်မှာဆိုရင် ဂျပန်အင်ပါယာရဲ့ အမှတ်တံဆိပ်အဖြစ်
အသုံးပြုခံရတာပါ။ ဂျပန်ဘုရင်ရဲ့ ပလ္လင်ကို
'chrysanthemum throne' လို့လဲခေါ်ပါတယ်။
ဂန္ဓမာပန်းတံဆိပ်တွေရှေးတုန်းကဆို တရုတ်နှစ်ရဲ့
ကိုးလပိုင်းကိုးရက်နေ့ကို Chrysanthemum day(Kiku no Sekku) ဆိုပြီး ဂျပန်ပြည်မှာ ဆင်နွှဲကြပါတယ်။
အခုတော့ အဲ့ပွဲတော်ကို Double Ninth Festival
လို့သိကြပြီးတော့ အခုထက်ထိ ဂန္ဓမာပန်းက အဲ့ပွဲတော်ရဲ့
အရေးကြီးအခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ တရုတ်မှာဆိုရင်တော့ ဂန္ဓမာကို တရုတ်ပန်းချီပညာရဲ့ 'Four Gentleman ' ထဲမှာ ထည့်ထားရုံမက တရုတ်ကဗျာတော်တော်များများမှာလဲ ပါဝင်တတ်ပါတယ်။

Moriflium အမျိုးအစား အဝါရောင်နဲ့ အဖြူရောင်ဂန္ဓမာကို အရှေ့တိုင်းမှာဆိုရင် ရေနွေးဖျော်ပြီး ဂန္ဓမာလက်ဖက်ရည်အဖြစ်သောက်တတ်ပါတယ်။(ဒါကတရုတ်ကစတာပါ။ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက်ကောင်းပြီး အသက်ရှည်စေတယ်လို့ ပြောပါတယ်)
ကိုရီးယားမှာ ဆန်အရက်နဲ့ရောပြီး gukhwaju လို့ခေါ်တဲ့
ဂန္ဓမာဝိုင်အနေနဲ့သုံးတတ်ကြပြီး ဂျပန်မှာတော့ sashimi အပေါ်မှာ တစ်ခါတလေဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အုပ်တတ်ပါတယ်။ တရုတ်အစားအစာအချို့မှာ အရွက်ကိုလဲ သုံးတတ်ပါတယ်။
မြွေသားစွပ်ပြုတ်မှာတော့ အနံ့ကောင်းအောင် ပွင့်ဖတ်တွေထည့်တတ်ပါတယ်တဲ့။

Victoian Eraတုန်းက​တော့ ဂန္ဓမာပန်း​တွေကို
"Friendship"ကိုပြသတဲ့​နေရာနဲ့ ဆုမွန်​​ကောင်း
တောင်း​ပေးတဲ့​နေရာ​တွေမှာ သုံးခဲ့ကြပါတယ်​တဲ့။

ဂန္ဓမာဟာ အ​ရောင်​အလိုက်​လည်း အဓိပ္ပါယ်​ကွဲပါတယ်​။
အားလုံးကို ခြုံ​ပြောမယ်​ဆိုရင်​​တော့
"အ​ကောင်းမြင်​ခြင်း" "​ပျော်​ရွှင်​မှု"လို့ အဓိပ္ပါယ်​ရပါတယ်​တဲ့။
အနီ​ရောင်​ ဂန္ဓ​မာ​တွေရဲ့ အဓိပ္ပါယ်​က love နဲ့
Deep passion လို့ မှတ်​ယူနိုင်​ပါတယ်​။
Flower language မှာဆိုရင်​​တော့ အနီ​ရောင်
ဂန္ဓာမာရဲ့ အဓိပ္ပါယ်​ က "I love you"တဲ့
အဝါ​ရောင်​ ဂန္ဓမာ​တွေက​တော့ "ဝမ်းနည်းမှု" သို့
"Neglected love(လျစ်​လျုရှုခံရတဲ့ အချစ်​)တဲ့၊
အဖြူ​ရောင်​က​တော့ သစ္စာရှိခြင်း နဲ့ သန့်​စင်​ခြင်း ပါတဲ့။
ခရမ်း​ရောင်​က​တော့ "wish"တဲ့။

တရုတ်ဂန္ဓမာကတော့ တက်ကြွခြင်းကို ကိုယ်စားပြုတတ်ပါတယ်။ Australia နိုင်ငံမှာတော့ အမေများနေ့မှာ အမေကို
ဂန္ဓမာပန်းအဖြူလက်ဆောင်ပေးတတ်ပြီး တရုတ်နဲ့ဂျပန်ကတော့
ဆောင်းဦးရဲ့ပန်းလို့ သတ်မှတ်ပါတယ်။ချီကာဂိုကတော့ ဂန္ဓမာကို သူတို့မြို့ရဲ့တရားဝင်ပန်းအဖြစ်သတ်မှတ်ထားပါတယ်။ ဒါ​ပေမယ့်​ အချို့ဥရောပနိုင်ငံတွေမှာတော့ ဂန္ဓမာပန်းအဖြူကို အသုဘမှာပဲ သုံးတတ်ပါတယ် (အာရှနိုင်ငံတွေမှာလဲသုံးပါတယ်)

တရုတ်ပြည်နဲ့ ဂျပန်မှာတော့ ဂန္ဓမာပန်းပွဲတော်တွေ ရှိတတ်ပါတယ်။

#E

Edit:ဒါ​လေးက Admin ​နောက်​ထပ်​ညီမ​လေးတစ်​​ယောက်​က
ရှာ​ပြီး​ရေး​ပေးထားတာပါ။သူ​ရေး​ပေးရင်​ ​အောက်​မှာ #E လို့
ရေး​ပေးထားပါ့မယ်​။ဘာမှမပါရင်​ Graceပါပဲ😂

Source:Internet
Photo credit

FlowersWhere stories live. Discover now