ဒီနေ့တော့ Graceက Irisပန်းတွေအကြောင်းကို
ပြောပြပါ့မယ်။ဒီပန်းကတော့ ရင်းနှီးတဲ့သူတစ်ဝက်
မသိတဲ့သူတစ်ဝက် ဖြစ်မယ်လို့်ထင်တယ်။
ကဲ...အခုစပြောပါပြီ။Irisဆိုတဲ့ပန်းလေးတွေကို တစ်ခါတစ်ရံမှာတော်ဝင်ဆန်တဲ့
ပန်းတွေအဖြစ်သတ်မှတ်ကြပါတယ်တဲ့။အများစုက Iris
လို့ပြောလိုက်ရင် ခရမ်းရောင်တွေကိုပဲပြေးမြင်တတ်ကြမယ်
ထင်တယ်။ဒါပေမယ့် Irisရဲ့ အရောင်တွေက အတော်စုံတာပါ။
ခရမ်း၊အပြာ၊အဝါ၊အဖြူ၊ပန်းရောင်၊အနီ၊စိမ်းဝါ၊မီးခိုးကနေစပြီး
အနက်ရောင်နီးနီး အရောင်အထိကို ရှိပါတယ်တဲ့။
အရောင်တွေ အတော်စုံတယ်နော်😅😅Irisဆိုတဲ့ နာမည်လေးက ရှေးဟောင်းဂရိနတ်သမီးတစ်ပါး
ဖြစ်တဲ့ Irisနတ်သမီးရဲ့ အမည်ကနေဆင်းသက်လာခဲ့တာပါ။
Irisဆိုတဲ့နာမည်ကို ဘာသာပြန်ရမယ်ဆိုရင်တော့
"သက်တန့်"လို့ ဆိုလိုပါတယ်တဲ့။
ပြီးတော့ နောက်ထပ်တစ်မျိုးလည်း အဓိပ္ပါယ်ကောက်ပါသေးတယ်။
သူကတော့ နောက်ထပ်ဂရိစကားလုံးဖြစ်တဲ့ "eiris"ဆိုတဲ့
အဓိပ္ပါယ်ကို ယူထားတာပါ။"eiris"ရဲ့ အဓိပ္ပါယ်က
"Massager" တဲ့။ (မြန်မာလိုမပြန်လည်း နားလည်မယ်
ထင်ပါတယ်။) ဘာလို့ဒီလိုပြောလဲဆိုရင်
Iris နတ်သမီးဟာဆိုရင် နတ်ဘုရားတွေဆီကို
မြေအောက်ကမ္ဘာရဲ့ သတင်းစကားတွေကို ပို့ဆောင်ပေးရတဲ့
နတ်သမီးတစ်ပါးဖြစ်လို့ပါ။ ဒါ့အပြင် သူမဟာ ကမ္ဘာမြေနဲ့
ကောင်းကင်ဘုံကြားမှာ သက်တန့်ကို ပေါင်းကူးတံတား
သဖွယ်အသုံးပြုပြီး
သွားလာနိုငိပါသေးတယ်တဲ့။ ဒါကြောင့်လည်း Irisရဲ့
အဓိပ္ပါယ်က သက်တန့် ဖြစ်နေရတာပါ။
တချို့လူမျိုးတွေကတော့ Irisမှာ အရောင်မျိုးစုံရှိတာမို့
သက်တန့် လို့ခေါ်တယ်ဆိုပြီးလည်း ယူဆကြပါသေးတယ်။ရှေးဟောင်းဂရိလူမျိုးတွေဟာ အမျိုးသမီးတွေရဲ့ မြေပုံတွေပေါ်မှာ
ခရမ်းရောင် Irisပန်းတွေကို စိုက်ပျိုးတတ်တဲ့ ဓလေ့လည်း
ရှိခဲ့ဖူးပါတယိတဲ့။ဘာကြောင့်လဲဆိုရင်တော့ Irisနတ်သမီး
ဟာဆိုရင် သေဆုံးသူတွေကို ကမ္ဘာမြေကနေ ကောင်းကင်ဘုံကို
ပို့ဆောင်ပေးတဲ့သူလည်းဖြစ်တယ်လို့ ယုံကြည်ကြလို့ပါ။
ဒါကြောင့် ကိုယ်ချစ်ရတဲ့သူတွေရဲ့မြေပုံပေါ်မှာ Irisပန်းတွေကို
Irisနတ်သမီးရဲ့ သင်္ကေတအဖြစ်စိုက်ပျိုးပေးပြီး
သေဆုံးသူတွေရဲ့ဝိဥာဉ်တွေကို ကောင်းကင်ဘုံကိုသွားနိုင်အောင်
Irisနတ်သမီးက လမ်းပြပေးလိမ့်မယ်လို့ ဂရိတွေက
ယူဆခဲ့ကြပါတယ်။
YOU ARE READING
Flowers
Non-Fictionပန်းတို့၏ အဓိပ္ပါယ်များ...... နှစ်သက်မိသောပန်းလှလှလေးများ.... ပန်းလေးတွေနောက်ကွယ်ကလှပသောဒဏ္ဍာရီများ... သင်ဟာပန်းတွေကိုနှစ်သက်သူ၊ ပန်းတွေရဲ့အဓိပ္ပါယ်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီစာအုပ်လေးကိုသင်သဘောကျမယ်လို့မျှော်လင့်ပါတယ်.....